• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   


ရှင်ကျိုးအမှတ်-၁၁ နှင့် ထျန်းကုန်း အမှတ်-၂ ချိတ်ဆက်မှု ပြုလုပ်၊ အာကာသ ယာဉ်မှူး နှစ်ယောက် အာကာသစမ်းသပ်ခန်း ဝင်ရောက်

(GMT+08:00) 2016-10-19 15:03:05

တရုတ် ရှင်ကျိုး အမှတ်-၁၁ လူပါ အာကာသယာဉ်သည် နှစ်ရက်ကြာ ပျံသန်းပြီးနောက် ၁၉ ရက်နေ့က ထျန်းကုန်း အမှတ်-၂ အာကာသ စမ်းသပ်ခန်းနှင့် အော်တိုမက်တစ် ချိတ်ဆက်မှုကို အောင်မြင်စွာ ပြုလုပ် ခဲ့ကြောင်း၊ ချိတ်ဆက်မှု ပြုလုပ်ပြီးနောက် အာကာသ ယာဉ်မှူး ကျင်ဟိုင်ဖုန်နှင့် ချင်တုန်တို့သည် ထျန်းကုန်း အမှတ်-၂ အာကာသ စမ်းသပ်ခန်းသို့ ရှေ့ဆင့်နောက်ဆင့် ဝင်ရောက်ခဲ့ကြောင်း၊ လက်ရှိ အချိန်တွင် အာကာသယာဉ်မှူး နှစ်ယောက် ကျန်းမာရေး အခြေအနေ ကောင်းမွန် ကြောင်း၊ လာမည့် ရက် ၃၀ အတွင်း ၄င်းတို့သည် အာကာသစမ်းသပ်ခန်းတွင် အာကာသ ဆေးပညာ၊ အာကာသ သိပံ္ပပညာ စမ်းသပ်မှုနှင့် အာကာသ နည်းပညာ၊ ပြုပြင်မွမ်းမံရေး စမ်းသပ်မှုများကို ပြုလုပ်မည် ဖြစ်ပြီး အာကာသယာဉ်မှူး အာကာသ၌ အကြာဆုံးနေရန် စံချိန်သစ်ကိုလည်းတင်နိုင်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ပီကင်း အာကာသ ပျံသန်းမှု ထိန်းချုပ်ရေးဗဟိုဌာန အင်ဂျင်နီယာချုပ် လက်ထောက် ဆွေးရှောင်ဖုန်းက၊ ယခုအကြိမ် ချိတ်ဆက်မှု ပြုလုပ်သည်မှာ လွန်စွာ ချောမော ကောင်းမွန်ပါကြောင်း၊ ချိတ်ဆက်မှု ဖြစ်စဉ်သည် အရင်ကထက် များစွာ တိုးတက် လာကြောင်း၊ ချိတ်ဆက်မှု စက်ကိရိယာသည်လည်း အရင်ကထက် ပိုပြီး သိမ်မွေ့ တိကျ လာကြောင်း ပြောကြားသည်။

ရှင်ကျိုး အမှတ်-၁၁ လူပါ အာကာယာဉ်ကို ယခုလ ၁၇ ရက်နေ့က ကျိုချွမ်း ဂြိုဟ်တု လွှတ်တင်ရေးစခန်း၌ အောင်မြင်စွာ လွှတ်တင်ခဲ့ခြင်း ဖြစ်ပြီး ထျန်းကုန်း အမှတ်-၂ အာကာသစခန်းကို စက်တင်ဘာလ ၁၅ ရက်နေ့က လွှတ်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

   Webradio