• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာ့ လူ့အခွင့်အရေး တိုးတက်မှုကို တရုတ် ဆင်းရဲမှု ပပျောက်စေရေး လုပ်ငန်း တွန်းအားပေး

(GMT+08:00) 2016-10-19 14:20:30

တရုတ် နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံးမှ ၁၇ရက်နေ့က "တရုတ်ပြည်၏ ဆင်းရဲမှု လျှော့ပေါ့ရေး လုပ်ဆောင်မှုနှင့် လူ့အခွင့်အရေး တိုးတက်မှု" စက္ကူဖြူစာတမ်းကို ထုတ်ပြန်ခဲ့ကြောင်း တရုတ် ကွမ်းမင် နေ့စဉ်သတင်းစာတွင် ရေးသားဖော်ပြသည်။

၎င်းစက္ကူဖြူစာတမ်းတွင် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးခဲ့သည့် နှစ်ပေါင်း ၃၀ကျော်အတွင်း တရုတ်ပြည်သည် ဆင်းရဲမှု လျှော့ပေါ့ရေး လုပ်ငန်းတွင် လူအများ အာရုံစိုက်ကြပြီး ကြီးမားသည့် အောင်မြင်မှုများ ရရှိကာ ကမ္ဘာ့ ဆင်းရဲမှု လျှော့ပေါ့ရေး လုပ်ငန်း အတွက် ကြီးမားသည့် အကျိုးပြုစွမ်းဆောင်မှုများ ပြုလုပ်ကာ ကမ္ဘာ့ လူ့အခွင့် အရေး တိုးတက်မှုကို တွန်းအားပေးကြောင်း၊ တရုတ်ပြည်၏ အောင်မြင်မှု ရရှိခြင်းသည် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ စီးပွားရေး ဖွဲ့စည်းပုံ ထိန်ညှိခြင်းနှင့် ဆင်းရဲမှု ပပျောက်စေရေး အတွက် နည်းယူလေ့လာရန် ပုံစံနမူနာကို ပြသပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ လူ့အခွင့်အရေး ဆိုင်ရာ ပြောဆိုပိုင်ခွင့်ကိုလည်း များစွာ တိုးမြှင့်ကြောင်း ရေးသားဖော်ပြသည်။

၎င်းစက္ကူဖြူစာတမ်းတွင် တရုတ်ပြည်၏ ဆင်းရဲမှု လျှော့ပေါ့ရေး ဆောင်ရွက်မှုများ သည် တရုတ် လူ့အခွင့်အရေး တိုးတက်မှု ရရှိသည့် အထင်ရှားဆုံး အမှတ်လက္ခဏာ ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ကျော် အတွင်း ဆင်းရဲသူ သန်း၇၀၀ကျော်ကို လျော့နည်းစေပြီး ဆင်းရဲမှုနှုန်းမှာ ၅့၇ရာခိုင်နှုန်း အထိ ကျဆင်းသွားကာ အခြေခံ အဆောက်အအုံများသည် သိသာထင်ရှားစွာ ကောင်းမွန်ပြည့်စုံလာ၍ အခြေခံ အများပြည်သူ့ ဝန်ဆောင်မှု အရည်အသွေး ဆက်တိုက် တိုးမြင့်လာကြောင်း၊ ဆင်းရဲမှု ပပျောက်စေရေး စနစ် တီထွင်ဆန်းသစ်မှုတွင် အရေးကြီးသည့် ခြေလှမ်းလှမ်းလိုက်ပြီး ဆင်းရဲသူများ၏ အခြေခံ အခွင့်အရေးများ အကောင်အထည်ဖော်ရေး အတွက် အင်တိုက်အားတိုက် တွန်းအားပေးကာ အတော်အတန် ချမ်းသားသည့် လူ့ဘောင်အဖွဲ့ ဘက်စုံ တည်ဆောက်ပြီးစီးခြင်း အတွက် ခိုင်မာသော အခြေခံ အုတ်မြစ် ဖြစ်ကြောင်း ရေးသားဖော်ပြသည်။

   Webradio