• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၆ခုနှစ် တရုတ်-အာဆီယံ ချစ်ကြည်ရေး သီချင်းဆိုပွဲ ကျင်းပ

(GMT+08:00) 2016-10-15 10:15:35

၂၀၁၆ခုနှစ် တရုတ်-အာဆီယံ ချစ်ကြည်ရေး သီချင်းဆိုပွဲကို ၁၄ရက်နေ့က တရုတ်ပြည် ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့တွင် ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုအကြိမ် သီချင်းဆိုပွဲကို စီအာအိုင်၊ ဟိုင်နန်အသံလွှင့်၊ ရုပ်မြင်သံကြား ဌာနချုပ်နှင့် ကွမ်ရှီးမီဒီယာ၊ ပုံနှိပ်ထုတ်ဝေရေး၊ အသံလွှင့်၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ဦးစီးဌာနတို့ ပူးတွဲ ဦးစီးကျင်းပကြကြောင်း၊ သီချင်းဆိုပွဲ ကျင်းပသည့် ရည်ရွယ်ချက်မှာ တရုတ်နှင့် အာဆီယံ နိုင်ငံများ အကြား ယဉ်ကျေးမှု ကူးလူးဖလှယ်ခြင်းကို အားသစ်လောင်းပေးရန် ဖြစ်ကြောင်း သိရသည်။

ယခုအကြိမ် သီချင်းဆိုပွဲ၏ ဆောင်ပုဒ်မှာ ချစ်မေတ္တာနှင့် ချစ်ကြည်ရေး ဟူ၍ ဖြစ်ကြောင်း၊ မြန်မာ အဆိုတော် ချမ်းချမ်း အပါအဝင် တရုတ်နှင့် အာဆီယံ အဖွဲ့ဝင် ၁၀နိုင်ငံမှ နာမည်ကျော် အဆိုတော် ၂၀ကျော် သီချင်းဆိုပွဲတွင် ပါဝင်ခဲ့ကြကြောင်း သိရသည်။

   Webradio