• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်တာနက် လုပ်ငန်း ထွန်းကားသည့် နိုင်ငံ တည်ဆောက်ရေး ရည်မှန်းချက် အတွက် ကြိုးပမ်းမည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00) 2016-10-10 15:41:56

တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့သည် အင်တာနက် လုပ်ငန်း ထွန်းကားသည့် နိုင်ငံ တည်ဆောက်ရေး မဟာဗျူဟာ လက်တွေ့ဖော်ဆောင်ရေး ဆိုင်ရာ ၃၆ကြိမ်မြောက် ဆွေးနွေးပွဲကို ၉ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

၎င်းဆွေးနွေးပွဲကို ကြီးမှူးကျင်းပရာတွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်က အင်တာနက် သတင်း အချက်အလက် နည်းပညာ ကိုယ်ပိုင် တီထွင်ဆန်းသစ်မှု တွန်းအားပေးခြင်းကိုရော၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ဒစ်ဂျစ်တယ် စီးပွားရေး၏ တွန်းအားပေးမှုကိုရော၊ အင်တာနက် စီမံခန့်ခွဲနိုင်စွမ်းနှင့် အင်တာနက် လုံခြုံမှု ကာကွယ်နိုင်စွမ်း တိုးမြှင့်ရေးကိုရော၊ အင်တာနက် သတင်း အချက်အလက် နည်းပညာဖြင့် လူမှုရေး စီမံခန့်ခွဲမှု တွန်းအားပေးခြင်းကိုရော၊ အင်တာနက် တွင် တရုတ်ပြည်၏ နိုင်ငံတကာ ပြောဆိုပိုင်ခွင့်နှင့် စည်းကမ်းဥပဒေ ချမှတ်ပိုင်ခွင့် တိုးမြှင့် ရေးကိုပါ အရှိန်မြှင့် ဆောင်ရွက်ပြီး အင်တာနက် လုပ်ငန်း ထွန်းကားသည့် နိုင်ငံ တည်ဆောက်ရေး ရည်မှန်းချက် အတွက် မလျှော့သောဇွဲဖြင့် အားထုတ်ကြိုးပမ်းမည် ဖြစ်ကြောင်း ပြောကြားသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်က လက်ရှိအချိန်က အင်တာနက် သတင်းအချက်အလက် နည်းပညာ တစ်နေ့တခြား ဆန်းသစ်တီထွင်ပြီး လူမှုဘဝ နယ်ပယ် အသီးသီးနှင့် ဘက်စုံ ရောနှော ပေါင်းစပ်ကာ ကမ္ဘာ့ စီးပွားရေး စနစ်၊ အကျိုးစီးပွား စနစ်နှင့် လုံခြုံရေး စနစ်ကို နက်ရှိုင်းစွာ ပြောင်းလဲစေခဲ့ကြောင်း၊ အင်တာနက် သတင်းအချက်အလက် နည်းပညာသည် ကမ္ဘာပေါ် ကသုတေသန ဖော်ထုတ်ရေး ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အများဆုံး၊ ဆန်းသစ်တီထွင်မှု ဆိုင်ရာ ရှင်သန်မှု အများဆုံး၊ အသုံးပြုမှု အကျယ်ပြန့်ဆုံးနှင့် တွန်းအားပေးမှု အခန်းကဏ္ဍ အကြီးမားဆုံးသော နည်းပညာ ဆန်းသစ်တီထွင်မှု နယ်ပယ် ဖြစ်ပြီး ကမ္ဘာ့ နည်းပညာ ဆန်းသစ်တီထွင်မှုတွင် ယှဉ်ပြိုင်မှု အပြင်းထန်ဆုံး ဖြစ်ကြောင်း၊ တရုတ်ပြည်သည် ယင်းဖွံ့ဖြိုးတိုးတက်မှု အလားအလာနှင့် လိုက်လျောညီထွေစေပြီး အမြုတေ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရန် အင်တိုက်အားတိုက် ဆောင်ရွက်ကာ သော့ချက်ကျသော သတင်း အချက်အလက် ဆိုင်ရာ အခြေခံ အဆောက်အအုံ လုံခြုံရေးကို တိုးမြှင့်၍ အင်တာနက် စီမံခန့်ခွဲရေး စနစ် ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ရန် လိုကြောင်း ပြောကြားသည်။

   Webradio