• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဇာနီများအား လွမ်းသူ့ပန်းခြင်းချအခမ်းအနား ပီကင်းတွင် ကျင်းပ

(GMT+08:00) 2016-09-30 14:08:23

       စက်တင်ဘာ၃၀ ရက်နေ့သည်၊ တရုတ်နိုင်ငံသတ်မှတ်ထားသည့် အာဇာနီများ အထိမ်းအမှတ်နေ့ဖြစ်သည်။ ယခုနှစ်သည်၊ ခရီးရှည်ချီတက်ပွဲ အောင်ပွဲခံ နှစ် ၈၀ပြည့် မြောက်နှစ်လည်းဖြစ်သည်။

၃၀ ရက်နေ့ နံနက်ပိုင်းက၊ ပြည်သူ့အာဇာနီများအား လွမ်းသူ့ပန်းခြင်းချအခမ်းအနားကို ပီကင်း ထျန်အန်မင် ရင်ပြင်တော်၌ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ကြောင်း၊  ရှီကျင့်ဖိန်၊ လီခေ့ချန်၊ ကျန်းတယ်ကျန်း၊ ယွီကျင့်ရှိန်း၊ လျူယွင်စန်း၊ ဝမ်ချိစန်းနှင့် ကျန်းကောလိ အပါအဝင် တရုတ်ကွန်မြူနစ် ပါတီနှင့် နိုင်ငံတော်ခေါင်းဆောင်များသည်၊ ပီကင်းမြို့တော် အလွှာပေါင်းစုံမှ ကိုယ်စားလှယ်များနှင့်အတူ၊ ယင်းအခမ်းအနားသို့ တက်ရောက်ကြ ကြောင်း စီအာအိုင်ကဖော်ပြသည်။

   Webradio