• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ဘီလာရုစ် သမ္မတနှင့် တွေ့ဆုံ

(GMT+08:00) 2016-09-30 09:31:26

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၂၉ ရက်နေ့က ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ဘီလာရုစ် သမ္မတ လူကာရှင်ကိုနှင့် တွေ့ဆုံခဲ့ကြောင်း၊ ခေါင်းဆောင် နှစ်ဦးတို့သည် အပြန်အလှန်ယုံကြည်ပြီး အပြန်အလှန် ပူးပေါင်းဆောင်ရွက်သော ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု ထားရှိရန်၊ နှစ်ဖက်အကြား ၂၄ နာရီမပြတ် ချစ်ကြည်ရေး တိုးတက်စေရန်၊ အကျိုးစီးပွါး အသိုက်အဝန်းနှင့် ကံကြမ္မာ အသိုက်အဝန်းကို လက်တွဲ ထူထောင်ရန် ဆုံးဖြတ်ကြကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ခေါင်းဆောင်နှစ်ဦးတို့သည် တရုတ်-ဘီလာရုစ် အပြန်အလှန် ယုံကြည်ပြီး အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှု ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု ထားရှိရေး ပူးတွဲကြေညာချက်ကို ချုပ်ဆိုကြသည်။

   Webradio