• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပါကစ္စတန်မှ ကက်ရှ်မီးယားပြဿနာဆိုင်ရာအထူးသံတမန်နှင့် လျူကျင့်မင်တွေ့ဆုံ

(GMT+08:00) 2016-09-29 14:20:33

တရုတ်နိုင်ငံ ဒုနိုင်ငံခြားရေးဝန်ကြီး လျူကျင့်မင်သည် ယမန်နေ့ ၂၈ ရက်နေ့က တရုတ်ပြည်တွင် လာရောက်ခရီးလှည့်လည်နေသော ပါကစ္စတန် ကက်ရှ်မီးယား ပြဿနာ ဆိုင်ရာ အထူးသံတမန်၊ ပြည်သူ့လွှတ်တော်အမတ် ဘတ်ဟ်တီယာ၊ လာလယ်ကာတို့နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

လျူကျင့်မင်က ကက်ရှ်မီးယားအခြေအနေနှင့် ပါကစ္စတန်၏ သဘောထား ရပ်တည်ချက်ကို ကြားနာခဲ့ပါသည်။ လျူကျင့်မင်က တရုတ်ပြည်အနေနှင့် ကက်ရှ်မီးယား အခြေအနေအပေါ် အာရုံစိုက်ပြီး ပါကစ္စတန်၏ သဘောထားရပ်တည်ချက်ကို များစွာ အလေးထားကြောင်း၊ ကက်ရှ်မီးယား အတိတ်ပြဿနာသည် သမိုင်းမှ ကျန်ရစ်ခဲ့သော ပြဿနာဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဘက်အသီးသီးတို့ ညှိနှိုင်းဆွေးနွေးရေးဖြင့် ၄င်းပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် မျှော်လင့်ကြောင်း ပြောကြားသည်။

   Webradio