• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ယွမ်ငွေသည် SDR တွင် တရားဝင် ပါဝင်မည်

(GMT+08:00) 2016-09-29 09:11:12

အောက်တိုဘာ ၁ ရက်နေ့တွင် တရုတ်ယွမ်ငွေသည် ကမ္ဘာ့ရန်ပုံငွေအဖွဲ့၏ အထူး ငွေထုတ်ယူခွင့် SDR တွင် တရားဝင် ပါဝင်မည် ဖြစ်ပြီး အချိုးအစားမှာ ၁၀့ ၉၂ ရာခိုင်နှုန်း ဖြစ်သည်။ ယင်းသည် တရုတ်ယွမ်ငွေ နိုင်ငံတကာဈေးကွက်၌ အသုံးပြုရေးဆိုင်ရာ အရေးကြီး မှတ်တိုင် တစ်ရပ်ပင် ဖြစ်သည်။ ကျွမ်းကျင်ပညာရှင်များက၊ ယင်းသည် နိုင်ငံတကာ နိုင်ငံစုံအဖွဲ့အစည်းများနှင့် ကမ္ဘာ့နိုင်ငံအသီးသီးတို့က တရုတ်ယွမ်ငွေ ပြုပြင် ပြောင်းလဲမှုအပေါ် အသိအမှတ် ပြုခြင်း ဖြစ်ပြီး တရုတ်ယွမ်ငွေ SDR ပါဝင်ခြင်းသည် ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် ထွန်းသစ်စဈေးကွက် နိုင်ငံများအတွက်လည်း အကျိုးရှိမည်ဟု ယူဆကြသည်။ တရုတ် နိုင်ငံတော် နိုင်ငံခြားငွေ စီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်က၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများသည် တရုတ်ယွမ်ငွေ ကိုင်ဆောင်မှုပမာဏကို တိုးမြှင့်မည်ဟု သုံးသပ် ထားသည်။

လက်ရှိအချိန်တွင် SDR စနစ်၌ အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ပေါင်စတာလင်နှင့် ဂျပန် ယမ်းငွေ လေးမျိုး ရှိသည်။ လွန်ခဲ့သည့်နှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က ကမ္ဘာ့ရန်ပုံငွေအဖွဲ့ ဒါရိုက်တာအဖွဲ့သည် တရုတ်ယွမ်ငွေကို လွတ်လပ်စွာ အသုံးပြုနိုင်သောငွေ အဖြစ် ချမှတ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှစ၍ တရုတ်ယွမ်ငွေကို SDR တွင် ထည့်သွင်းပြီး အချိုးအစားမှာ ၁၀့ ၉၂ ရာခိုင်နှုန်း ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။ တရုတ် ယွမ်ငွေသည် အချိုးအစား ၄၁့ ၇၃ ရာခိုင်နှုန်း ဖြစ်သည့် အမေရိကန်ဒေါ်လာနှင့် ၃၀့ ၉၃ ရာခိုင်နှုန်း ဖြစ်သည့် ယူရိုငွေ ပြီးလျှင် တတိယ နေရာတွင် တည်ရှိမည်။

တရုတ် နိုင်ငံခြားငွေ ရင်းနှီးမြှုပ်နှံမှု သုတေသနဌာန ဌာနမှူး မဒမ် ထမ်ယာလင်က၊ တရုတ်ယွမ်ငွေနှင့် နိုင်ငံခြားငွေ လဲလှယ်နှုန်း တည်ငြိမ်ခြင်းသည် တရုတ်ယွမ်ငွေ SDR တွင် ပါဝင်ခြင်းအတွက် ကောင်းမွန်သော အခြေအနေ ဖန်တီးပေးကြောင်း ယူဆသည်။

   Webradio