• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် မသန်စွမ်းသူများလုပ်ငန်း တွန်းအားပေး

(GMT+08:00) 2016-09-27 09:20:18

ပဉ္စမ အကြိမ် မသန်စွမ်းသူများလုပ်ငန်း အစည်းအဝေးကို ၂၆ ရက်နေ့က ပီကင်း၌ စတင် ကျင်းပခဲ့သည်။ ၁၂ ခုမြောက် ငါးနှစ်စီမံကိန်းကာလအတွင်း တရုတ်နိုင်ငံတွင် မသန်စွမ်းသူများလုပ်ငန်း လျင်မြန်စွာ တိုးတက်လာကြောင်း၊ အနာဂတ်တွင် မသန်စွမ်းသူများ အခွင့်အရေးနှင့် အကျိုးစီးပွါး အာမခံပေးရေးစနစ်ကို ပိုမို ပြည့်စုံ ကောင်းမွန်စေမည် ဖြစ်ပြီး မသန်စွမ်းသူများအား အခြေခံ ဝန်ဆောင်မှုများ ပိုမို ကောင်းမွန်အောင် ပေးဆောင်မည် ဖြစ်ကြောင်း အစည်းအဝေးမှ ဖေါ်ပြထားသည်။

၁၂ ခုမြောက် ငါးနှစ်စီမံကိန်းကာလအတွင်း မသန်စွမ်းသူများ ပြန်လည်သက်သာရေး၊ ပညာရေး၊ အလုပ်အကိုင်နေရာချထားရေး၊ ဆင်းရဲမှု ပပျောက်ရေး၊ ယဉ်ကျေးမှုနှင့် အားကစားလုပ်ငန်းများတွင် တိုးတက်မှုများစွာ ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ပထမဆုံး အကြိမ်အဖြစ် မသန်စွမ်းသူများ အခြေခံ သက်သာချောင်ချိရေး ထောက်ပံ့ကြေးစနစ် မူဘောင်ကို တည်ထောင်ပြီး အခြေအနေ ပြင်းထန်ဆိုးဝါးသော မသန်စွမ်းသူ သန်း ၂၀ ခန့်ကို အကျိုးစီးပွါး ခံစားစေခဲ့သည့်အပြင် မြို့ပြနှင့် ကျေးလက်နေ မသန်စွမ်းသူ ၁၀ သန်းအား အနည်းဆုံးဝင်ငွေ အာမခံကို ပြုလုပ်ပေးခဲ့ကြောင်း အစည်းအဝေးမှ သတင်းအရ သိရပါသည်။

တရုတ် မသန်စွမ်းသူများ အသင်းချုပ် ကောင်စီ ဥက္ကဋ္ဌ လူယုံက အစီရင်ခံစာကို တင်ပြ ရာ၌၊ ငါးနှစ်အတွင်း မသန်စွမ်းသူ ၁၃၅ သိန်းအား ပြန်လည်သက်သာရေး ဝန်ဆောင်မှု ပေးခဲ့ပြီး ၄၂ သိန်းအား ပြုစုစောင့်ရှောင်ရေး ဝန်ဆောင်မှုကို ပေးခဲ့ကြောင်း၊ ငါးနှစ်အတွင်း ကိရိယာ ၆၆ သိန်း ၅ သောင်းကျော်ကို ပေးဝေခဲ့ပြီး မသန်စွမ်းသူ မိသားစု ၆ သိန်း ၇ သောင်းကျော်အတွက် အတားအဆီးမဲ့ အဆောက်အအုံများ တပ်ဆင် ဆောက်လုပ် ပေးခဲ့ကြောင်း၊ ငါးနှစ်အတွင်း တက္ကသိုလ်ကောလိပ်ကျောင်းဝင် မသန်စွမ်းသူ ကျောင်းသူ ကျောင်းသား ၄ သောင်း ၅ ထောင်ကျော် ရှိကြောင်း ရှင်းလင်း ပြောကြားသည်။

   Webradio