• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကျူးဘား ခရီး လီခေ့ချန် စတင်လှည့်လည်

(GMT+08:00) 2016-09-25 10:50:54

ကျူးဘား နိုင်ငံတော်ရေးရာ ကော်မတီနှင့် ဝန်ကြီးများ ကွန်ဖရင့် ဥက္ကဋ္ဌ ရောလ် ကက်စထရို၏ ဖိတ်ကြားချက်အရ တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ကျူးဘားတွင် တရားဝင် ခရီးလှည့်လည်ရန် ဒေသ စံတော်ချိန် ၂၄ရက်နေ့ ညနေပိုင်းက အထူးလေယာဉ်ဖြင့် ဟာဗာနာမြို့တော် ဟိုစေ မာတီ နိုင်ငံတကာ လေဆိပ်သို့ ရောက်ရှိခဲ့ ကြောင်းဆင်ဟွာ သတင်းအရ သိရသည်။

ကျူးဘား ခရီးစဉ်တွင် ဝန်ကြီးချုပ် လီခေ့ချန်သည် ဥက္ကဋ္ဌ ရောလ် ကက်စထရိုနှင့် တွေ့ဆုံဆွေးနွေးပြီး ဖီဒယ်လ် ကက်စထရိုကို ကြည့်ရှုကာ ကျူးဘား ခေါင်းဆောင်များနှင့် တရုတ်-ကျူးဘား ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး လှုပ်ရှားမှုများသို့ တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။

   Webradio