• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မဟာတံတိုင်းရှည်ကြီး ထိန်းသိမ်းရေး အခြေအနေ ကောင်းမွန်လာ

(GMT+08:00) 2016-09-21 15:09:09

၂၀၀၆ခုနှစ် စက်တင်ဘာ ၂၀ရက်နေ့က တရုတ်ပြည်သည် မဟာတံတိုင်းရှည်ကြီး ထိန်းသိမ်းစောင့်ရှောက်ရေး စည်းမျဉ်းဥပဒေကို ထုတ်ပြန်ခဲ့သည်။ ယခုနှစ်အထိ ဆယ်နှစ် ရှိပြီ။ ယမန်နေ့ ၂၀ရက်နေ့က ဟိုပေ၊ အတွင်းမွန်ဂိုးလီးယား အပါအဝင် မဟာတံတိုင်း ရှည်ကြီး တလျှောက်လုံးက ပြည်နယ် ၁၅ခုတွင် မဟာတံတိုင်းရှည်ကြီး ထိန်းသိမ်းစောင့် ရှောက်ရေး မိတ်ဆက်ဖြန့်ချိခြင်း လှုပ်ရှားမှုများကို အသီးသီး ပြုလုပ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

မဟာတံတိုင်းရှည်ကြီးသည် ကမ္ဘာပေါ်က အတိုင်းအတာ အကြီးမားဆုံး ယဉ်ကျေးမှု အမွေအနှစ် ဖြစ်သကဲ့သို့ တရုတ်ပြည်၏ အထင်ကရ လက္ခဏာဆောင်သည့် အဆောက် အအုံလည်း ဖြစ်သောကြောင့် မဟာတံတိုင်းရှည်ကြီး ထိန်းသိမ်းစောင့်ရှောက်ရေး အပေါ်  လူအများ အာရုံစိုက်ကြကြောင်း၊ ၂၀၀၆ခုနှစ်က ထုတ်ပြန်ခဲ့သော မဟာတံတိုင်းရှည်ကြီး ထိန်းသိမ်းစောင့်ရှောက်ရေး စည်းမျဉ်းဥပဒေသည် လက်ရှိအချိန်အထိ ရှေးဟောင်းယဉ် ကျေးမှုပစ္စည်း အတွက် ထုတ်ပြန်သော တစ်ခုတည်းသော နိုင်ငံတော် အဆင့်စည်းမျဉ်း ဥပဒေ ဖြစ်ကြောင်း သိရသည်။

တရုတ် အမျိုးသား ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်း ထိန်းသိမ်းစောင့်ရှောက်ရေး ဌာန  ညွှန်ချုပ် ကုယွိဆိုင်က စည်းမျဉ်းဥပဒေ ထုတ်ပြန်ခဲ့သည့် ဆယ်နှစ်အတွင်း မဟာတံတိုင်း ရှည်ကြီး ထိန်းသိမ်းစောင့်ရှောက်ရေး အခြေအနေသည် များစွာ ကောင်းမွန်လာကြောင်း ပြောကြားသည်။

၎င်းက ပထမဦးဆုံး အနေနှင့် မဟာတံတိုင်းရှည်ကြီး၏ အခြေအနေနှင့် ထိန်းသိမ်း စောင့်ရှောက်ရေး အခြေအနေကို ထိရောက်စွာ စုံစမ်းစစ်ဆေးပြီး သိရှိနားလည်ခဲ့ကြောင်း၊ ဒုတိယအချက်ကတော့ သက်ဆိုင်ရာ ပြည်နယ်များကို စည်းရုံးပြီး မဟာတံတိုင်းရှည်ကြီး ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းရပ်များကို ဆောင်ရွက်ခဲ့ကြောင်း၊ တတိယအချက်က မဟာတံတိုင်းရှည်ကြီး ဖျက်ဆီးများကို ဥပဒေအရ ပိုမို အင်တိုက်အားတိုက် အရေးယူ ကြောင်း ပြောကြားသည်။

 

 

   Webradio