• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မန်ဟာဒုန် ပေါက်ကွဲမှုသည် လူ့ပယောဂကြောင့် ဖြစ်စေသည်ဟု နယူးယောက် မြို့တော်ဝန် ဆို

(GMT+08:00) 2016-09-19 09:55:51

အမေရိကန်နိုင်ငံ နယူးယောက်မြို့ မြို့တော်ဝန် ဘလာစီယိုက၊ ၁၇ ရက်နေ့ညက မန်ဟာဒုန် လူစည်ကားရာနေရာ၌ ဖြစ်ပွါးခဲ့သော ပေါက်ကွဲမှုသည် လူ့ပယောဂကြောင့် ဖြစ်စေခြင်း ဖြစ်ကြောင်း၊ သို့သော် ဗုံးဖေါက်ခွဲမှု ပြုလုပ်သည့်ရည်ရွယ်ချက်နှင့် နိုင်ငံတကာ အကြမ်းဖက်မှု အဖွဲ့အစည်းနှင့် ဆက်စပ်မှု ရှိခြင်းကို မတွေ့ရှိရသေးကြောင်း ၁၈ ရက်နေ့က နေ့လယ်ပိုင်းက ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ဒေသစံတော်ချိန် ၁၇ ရက်နေ့ည ၈ နာရီခွဲခန့်တွင် နယူးယောက်မြို့ မန်ဟာဒုန်၌ ပေါက်ကွဲမှု ဖြစ်ပွါးခဲ့ရာ လူ ၂၉ ယောက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ မျက်မြင်သူ တစ်ယောက်က လမ်းဘေး အမှိုက်ဗုံး တစ်ခု ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး အနီးတဝိုက်မှ အဆောက်အဦး ပြတင်းပေါက်များ ပျက်စီးသည်ဟု ပြောခဲ့ကြောင်း သတင်းရရှိပါသည်။

နယူးယောက်မြို့ မြို့တော်ဝန် ဘလာစီယိုက၊ ကျင်းပတော့မည့် ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အဆင့်မြင့်အစည်းအဝေးများ ချောမောစွာ ကျင်းပ စေရန် အတွက် နယူးယောက်မြို့သည် လာမည့် သီတင်းပတ် တစ်ပတ်အတွင်း လုံခြုံမှု ထိန်းသိမ်းရေး ရဲများကို တိုးဖြည့် စေလွှတ်မည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio