• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ(ကမ္ဘာဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်) ကုန်သွယ်မှု အဆင်ပြေရေး သုတေသန အစီရင်ခံစာ ထုတ်ပြန်

(GMT+08:00) 2016-09-13 09:32:17
၁၃ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေး အတောအတွင်း ၁၂ ရက်နေ့က တရုတ်-အာဆီယံ(ကမ္ဘာဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်) ကုန်သွယ်မှု အဆင်ပြေရေး သုတေသန အစီရင်ခံစာ ထုတ်ပြန်ပွဲ အခမ်းအနားကို တရုတ်ပြည် ကွမ်ရှီးပြည်နယ် နန်နင်းမြို့၌ ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။ သုတေသန အစီရင်ခံစာတွင်၊ တရုတ်နှင့် အာဆီယံ လေးနိုင်ငံတို့ ကုန်သွယ်မှု၏ ပြည်ဝင်ပြည်ထွက် ပတ်ဝန်းကျင်၊ စည်းမျဉ်းစည်းကမ်း ပတ်ဝန်းကျင်၊ နယ်စပ်ကုန်သွယ်မှု ဂိတ်များ အလုပ်တွင်ကျယ်မှု၊ အင်တာနက် ကူးသန်းရောင်းဝယ်မှုနှင့် လူသူ သွားလာမှု အပါအဝင် နယ်ပယ် ငါးခုဆိုင်ရာ မူဝါဒ အဆိုပြုချက်များကို တင်ပြထားသည်။ တရုတ် နိုင်ငံတကာ ကုန်သွယ်မှု ဖွံ့ဖြိုးရေးကော်မတီ၊ ကမ္ဘောဒီးယား ကုန်သွယ်ရေး အသင်းချုပ်၊ လာအို နိုင်ငံတော် ကုန်သွယ်ရေးအသင်း၊ မြန်မာ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေးအသင်းတို့သည် အစီရင်ခံစာ ထုတ်ပြန်ပွဲ အခမ်းအနားကို ဦးစီးပြုလုပ်ခဲ့ကြသည်။
   Webradio