• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် လာအို နိုင်ငံတော် ဥက္ကဋ္ဌနှင့် တွေ့ဆုံ

(GMT+08:00) 2016-09-09 09:06:58

တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် ဒေသစံတော်ချိန် ၈ ရက်နေ့ ညနေပိုင်းက ဗီယင်ကျန်းမြို့ နိုင်ငံတော်ဥက္ကဋ္ဌရုံး၌ လာအို ပြည်သူ့တော်လှန်ရေးပါတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ဘွန်ယန်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဘွန်ယန်က၊ ဝန်ကြီးချုပ် လီခေ့ချန်၏ ခရီးစဉ်သည် နှစ်နိုင်ငံ ချစ်ကြည်ရေး အစဉ်အလာ တဆင့်တိုး ခိုင်မြဲစေရေးနှင့် နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်မှုကို တွန်းအားပေးမည်ဟု ပြောကြားသည်။

   Webradio