• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် လာအို ဝန်ကြီးချုပ်နှင့် တွေ့ဆုံ

(GMT+08:00) 2016-09-09 09:01:17

တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် ဒေသစံတော်ချိန် ၈ ရက်နေ့ညက ဗီယင်ကျန်းမြို့ ဝန်ကြီးချုပ်ရုံး၌ လာအို ဝန်ကြီးချုပ် သွန်လွန်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

လီခေ့ချန်က၊ တရုတ်နှင့် လာအိုနိုင်ငံတို့သည် နိုင်ငံရေးအရ မြင့်မားစွာ အပြန်အလှန် ယုံကြည်ပြီး စီးပွါးရေးအရ ဘက်စုံ ပူးပေါင်းဆောင်ရွက်ကာ လူမှုရေးနှင့် ယဉ်ကျေးမှု နယ်ပယ်တွင်လည်း ကျယ်ကျယ်ပြန့်ပြန့် ကူးလူးဆက်ဆံနေကြောင်း၊ တရုတ်နိုင်ငံသည် လာအိုနိုင်ငံနှင့် ဖွံ့ဖြိုးမှု မဟာဗျူဟာနယ်ပယ်တွင် တဆင့်တိုး ဆက်နွှယ်လိုကြောင်း ပြောကြားသည်။

သွန်လွန်က၊ နှစ်ဖက်တို့၏ လက်တွဲကြိုးပမ်းမှုဖြင့် လာအို-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုမှာ တဆင့်တိုး တိုးတက်သွားမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

   Webradio