• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး ရုပ်သိမ်း

(GMT+08:00) 2016-09-09 08:43:33

သုံးရက်ကြာ ကျင်းပသော အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှ ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးကို ၈ ရက်နေ့က ဗီယင်ကျန်းမြို့၌ ရုပ်သိမ်းခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင်  လာအို ဝန်ကြီးချုပ် သွန်လွန်က၊ အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အာဆီယံနိုင်ငံများသည် အာဆီယံ အသိုက်အဝန်း ၂၀၂၅ မျှော်မှန်းချက်နှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြကြောင်း ပြောကြားသည်။

သွန်လွန်က၊ တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် တရုတ်-အာဆီယံ သံအဆက်အသွယ် ထားရှိသည့် ၂၅ နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး ပူးတွဲ ကြေညာချက်နှင့် အခြား အောင်ကျိုးရလဒ် စာတမ်းများကို အတည်ပြုခဲ့ကြောင်း၊ အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား ထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်များသည် ယင်းစည်းအဝေးစနစ်ကို အရှေ့အာရှ အသိုက်အဝန်း ရည်မှန်းချက် အကောင်အထည် ဖေါ်ဆောင်ရေးဆိုင်ရာ စနစ်အဖြစ်ထားရန် ထပ်လောင်း အတည်ပြု ပြောကြားကြကြောင်း ပြောကြားသည်။

   Webradio