• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံ အတွင်း ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာ မိသားစုကြီးနှင့် ဆက်ဆံမှုကို တိုးမြှင့်မည်

(GMT+08:00) 2016-09-08 09:57:02

၂၈ ကြိမ်မြောက်နှင့် ၂၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို ၆ ရက်နေ့နှင့် ရ ရက်နေ့က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်၌ ကျင်းပ ခဲ့ကြောင်း၊ အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များသည် အတွင်းပိုင်း ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်၊ အသိုက်အဝန်း ထူထောင်မှုကို အားဖြည့်ရန်၊ အာဆီယံနှင့် ဆွေးနွေးဖက်များ၊ နိုင်ငံတကာ မိသားစုကြီး အကြား ဆက်ဆံမှုကို တွန်းအားပေးရန် တညီတညွတ်တည်း သဘောတူကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ယခုနှစ် အစည်းအဝေး၏ ဆောင်ပုဒ်သည် ရှင်သန်မှုအပြည့်ရှိသော အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက်ကို အကောင်အထည် ဖေါ်ဆောင်ခြင်း ဖြစ်သည်။ အာဆီယံ နိုင်ငံများသည် အပြန်အလှန်ဆက်သွယ်မှု၊ ကုန်သွယ်ရေး ဖွံ့ဖြိုးမှု၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်း ပူးပေါင်းဆောင်ရွက်မှု၊ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေး၊ ဆက်တိုက် ဖွံ့ဖြိုးရေးနှင့် အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေး စသည့် နယ်ပယ်များမှ စာချွန်လွှာများကို အတည်ပြုခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio