• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် တရုတ်ပြည်၏ တောင်ပင်လယ် ဆိုင်ရာ ရပ်တည်ချက်ကို ရှင်းလင်းပြောကြား

(GMT+08:00) 2016-09-08 09:31:25

တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် ဒေသစံတော်ချိန် ၇ ရက်နေ့ နံနက်ပိုင်းက လာအို နိုင်ငံ ဗီယင်ကျန်းမြို့၌ ၁၉ အကြိမ် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရာတွင်၊ တောင်ပင်လယ် ပြဿနာနှင့် ပတ်သက်ပြီး တရုတ်ပြည်၏ ရပ်တည်ချက်သဘောထားကို ရှင်းလင်းပြောကြားသည်။

လီခေ့ချန်က၊ တရုတ်နှင့် အာဆီယံနိုင်ငံများ၏ လက်တွဲ ကြိုးပမ်းမှုဖြင့် မျက်မှောက် ကာလ၌ တောင်ပင်လယ် အခြေအနေသည် အပြုသဘောဆောင်သော ဦးတည်ချက် အတိုင်း တက်လှမ်းနေကြောင်း၊ တရုတ်နှင့် အာဆီယံနိုင်ငံများသည် တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်မှုမူ ကြေညာစာတမ်း အခြေခံပေါ်တွင် တောင်ပင်လယ်ဆိုင်ရာဆောင်ရွက်မှုမူ တိုင်ပင်ဆွေးနွေးမှုကို တွန်းအား ပေးနေကြောင်း၊ ရည်ရွယ်ချက်မှာ တောင်ပင်လယ် ပြဿနာကို သင့်လျော်စွာ ကိုင်တွယ် ဖြေရှင်းရန်၊ အငြင်းပွါးမှု မဖြေရှင်းမီ သဘောကွဲလွဲမှုကို ထိန်းချုပ်နိုင်ရန် ဖြစ်ကြောင်း ပြောကြားသည်။

လီခေ့ချန်က၊ တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ပြီး အနှောင့်အယှက်များကို ဖယ်ရှားကာ ကြေညာစာတမ်းစိတ်ဓါတ်နှင့် လမ်းနှစ်လမ်း အတွေးအခေါ်ဖြင့် တောင်ပင်လယ်ပြဿနာများကို ကိုင်တွယ် ဖြေရှင်းလိုကြောင်း ပြောကြားသည်။

   Webradio