• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် တရုတ်-အာဆီယံ ဆွေးနွေးဘက်ဆက်ဆံမှု ထားရှိသည့် ၂၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်

(GMT+08:00) 2016-09-07 17:35:13

တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ဒေသစံတော်ချိန် ၇ ရက်နေ့က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်၌ အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့်အတူ တရုတ်-အာဆီယံ ဆွေးနွေးဘက် ဆက်ဆံမှု ထားရှိသော ၂၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ကြသည်။

အာဆီယံ နိုင်ငံ ခေါင်းဆောင်များ ရှေ့မှောက်၌ လီခေ့ချန်နှင့် အာဆီယံ အလှည့်ကျ သဘာပတိနိုင်ငံ လာအိုနိုင်ငံ ဝန်ကြီးချုပ် သုန်လွန်နှင့်အတူ တရုတ်-အာဆီယံ ဆွေးနွေးဖက် ဆက်ဆံမှု ထားရှိသည့် ၂၅ နှစ်ပြည့် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊ အဖြစ်မှန်နှင့် အချက်အလက်များ ခေါင်းစဉ်ဖြစ်သည့် စာအုပ်အတွက် ဖဲကြိုးဖြတ်ပေးခဲ့ပြီး တရုတ်-အာဆီယံ ဆက်ဆံမှု ညှိနှိုင်းရေးနိုင်ငံ စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှိန်လွန်နှင့် အတူ အထိမ်းအမှတ် ကိပ်မုန့်ကို ခွဲဖြတ်ခဲ့ကြသည်။

လီခေ့ချန်က၊ တရုတ်နှင့် အာဆီယံတို့သည် ၁၉၉၁ ခုနှစ်က ဆွေးနွေးဘက် ဆက်ဆံမှု ထားရှိခဲ့သည့်နောက်ပိုင်း ဖွံ့ဖြိုးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအလံကို ကိုင်ဆောင်ပြီး အပြန်အလှန် လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုနှင့် အားပေးထောက်ခံမှုကို စွဲကိုင်ကြောင်း၊ နှစ်ဖက်ဆက်ဆံမှု အရှိန်ထိုး ချီးတက်လာပြီး ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှု၊ စည်ပင်သာယာမှုနှင့် ဖွံ့ဖြိုးမှုကို အားကောင်းစွန် တွန်းအားပေးကြောင်း ပြောကြားသည်။

   Webradio