• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၉ ကြိမ်မြောက် တရုတ်နှင့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ လီခေ့ချန် တက်ရောက်

(GMT+08:00) 2016-09-07 15:49:48

တရုတ်ဝန်ကြီးချုပ် လီခေ့ချန်သည် ၇ ရက်နေ့တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပသော တရုတ်-အာဆီယံ ဆွေးနွေးဘက်ဆက်ဆံမှု ထားရှိသည့်၂၅နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် ၁၉ ကြိမ်မြောက် တရုတ်နှင့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားရာတွင် တရုတ်နိုင်ငံသည် ပထမဆုံးသော အရှေ့တောင်အာရှ ချစ်ကြည်ရေး သဘောတူစာချုပ်တွင် ပါဝင်သော နိုင်ငံဖြစ်ကြောင်း၊ ပထမဆုံးသော အာဆီယံအဖွဲ့၏ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတွင် ဗဟိုကျနေရာကို ရှင်းလင်းပြတ်သားစွာ ထောက်ခံသည့် နိုင်ငံဖြစ်ကြောင်း၊ ပထမဆုံးသော အာဆီယံအဖွဲ့နှင့် မဟာဗျူဟာ မိတ်ဘက်ဆက်ဆံမှု ထားရှိသည့် နိုင်ငံဖြစ်ကြောင်း၊ ပထမဆုံးသော အာဆီယံအဖွဲ့နှင့် အရှေ့တောင်အာရှ နျူကလီးယားလက်နက်မဲ့ဒေသ သဘောတူစာချုပ်ဆိုင်ရာ အခြေပြစာချုပ် ချုပ်ဆိုသည့် နိုင်ငံဖြစ်ကြောင်း၊ ပထမဆုံးသော အာဆီယံအဖွဲ့နှင့် လွတ်လပ်သော ကုန်သွယ်ရေးဇုန်ဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲ ပြုလုပ်သော ပထမဆုံးနိုင်ငံဖြစ်ကြောင်း ပြောကြားသည်။

    ဝန်ကြီးချုပ် လီခေ့ချန်က ယခုနှစ်သည် တရုတ်နှင့် အာဆီယံ ဆွေးနွေးဘက်ဆက်ဆံမှု ထားရှိသည့်၂၅နှစ်ပြည့်ဖြစ်ပြီး မိမိတို့သည် ဖွံ့ဖြိုးသည့်အချိန်ကာလမှနေ ရင်ကြက်သည့်အချိန်ကာလသို့ တက်လှမ်းမည်ဖြစ်ကြောင်းလည်း ပြောကြားသည်။

   Webradio