• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ အရပ်ဘက် ကူးလူးဖလှယ်မှု ရှင်သန်လာ

(GMT+08:00) 2016-09-06 14:35:39

ယခုနှစ်သည် တရုတ်-အာဆီယံ ဆွေးနွေးဖက် ဆက်ဆံမှု ထားရှိခဲ့သည့် ၂၅နှစ် ပြည့်မြောက်နှစ် ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၂၅နှစ် အတွင်း တရုတ်-အာဆီယံ စီးပွား ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် အောင်မြင်မှု များစွာ ရရှိပြီး အရပ်ဘက်မှ ယဉ်ကျေးမှု၊ လူမှုရေး ကူးလူးဖလှယ်မှု နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေး ပေါင်းကူး တံတားများကိုလည်း တည်ဆောက်ကာ တရုတ်နှင့် အာဆီယံ ဆယ်နိုင်ငံမှ ပြည်သူများ အတွက် ချမ်းမြေ့သာယာမှုများ ဖန်တီးပေးခဲ့ကြောင်း၊ နှစ်ဖက် စီစဉ်ထားသည့် အတိုင်း အနာဂတ်တွင် တရုတ်နှင့် အာဆီယံတို့သည် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး ပလက်ဖောင်း သစ်များကို တည်ဆောက်ပြီး ပညာရေးနှင့် ခရီးသွားလုပ်ငန်းကို အလေးထားဆောင်ရွက် မည် ဖြစ်ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

၂၀၁၅ခုနှစ်က တရုတ်-အာဆီယံ နှစ်ဖက် ကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၄၇၂့၁ဘီလီယံ ရှိပြီး အပြန်အလှန် ခရီးလှည့်လည်သူ ဦးရေမှာ ၂၃သန်း၆သိန်း၎သောင်း ရှိ ကြောင်း၊ အပြန်အလှန် စေလွှတ်ခဲ့သော ပညာတော်သင် ဦးရေမှာ ၁သိန်း၉သောင်းကျော် လည်းရှိကြောင်း တရုတ်ပြည်မှ သက်ဆိုင်ရာ စာရင်းအရ သိရသည်။

ထိုင်းနိုင်ငံ ဘန်ကောက်ဘဏ် အမြဲတမ်း ဒါရိုက်တာ အဖွဲ့ဝင် ဆိုက်ကြည့်ရင်က တရုတ်-အာဆီယံ ဆွေးနွေးဖက် ဆက်ဆံမှု ထားရှိသည်မှာ ၂၅နှစ်ရှိပြီ ဖြစ်ကြောင်း၊ တရုတ်ပြည်သည် အာဆီယံ စက်မှုလုပ်ငန်းစနစ်တွင် အလွန် အရေးကြီးသည့် ထောက်ပံ့သူ ဖြစ်လာကြောင်း၊ အာဆီယံနှင့် တရုတ် အကြား သိရှိနားလည်မှုကို တိုးပွားစေပြီး ပိုမို များပြားသည့် ဆွေးနွေးမှုကို ပြုလုပ်သင့်ကြောင်း ပြောကြားသည်။

ထိုင်း နိုင်ငံတကာ ရေးရာ ပညာရှင် လီရင်လျန်က အနာဂတ်တွင် အာဆီယံနှင့် တရုတ်သည် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး ပလက်ဖောင်းသစ်ကို တည်ဆောက်မည် ဖြစ်ကြောင်း၊ ဘက်အသီးသီးတို့မှ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး အပေါ် အလေးထား လာသည်နှင့်အမျှ ပိုမိုများပြားသည့် အောင်မြင်မှုများ ရရှိမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

   Webradio