• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျီ20စက်မှု ကုန်သွယ်ရေး ထိပ်သီးအစည်းအဝေး ဖွင့်ပွဲတွင် တရုတ် မူဝါဒ ဥက္ကဋ္ဌ ရှီကျင့်ဖိန် ရှင်းလင်းပြောကြား

(GMT+08:00) 2016-09-03 17:51:15

၃ရက်နေ့ ညနေပိုင်းက ဘီ၂၀ခေါ် ဂျီ20စက်မှု ကုန်သွယ်ရေး ထိပ်သီးအစည်းအဝေးကို ဟန်ကျိုးမြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး "တရုတ်ဖွံ့ဖြိုးတိုးတက်ရေး အစပျိုးလိုက်ခြင်းသစ်၊ ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကြီးသစ်" ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့ကြောင်း စိအာအိုင် သတင်းအရ သိရသည်။

ထိုသို့မိန့်ခွန်းပြောကြားရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်စီးပွားရေး၊ ကမ္ဘာ့ စီးပွားရေးနှင့် ကမ္ဘာ့ စီးပွားရေး စီမံခန့်ခွဲမှု ဆိုင်ရာ ၄င်း၏ အမြင်သဘောနှင့် ခံယူချက်များကို ဘက်စုံနက်ရှိုင်းစွာ ရှင်းလင်းပြောကြားပြီး ကမ္ဘာ့ စီးပွားရေး ဆိုင်ရာ ပြဿနာများ ဖြေရှင်းရေး အတွက် "တရုတ် နည်းလမ်း" တစ်ခု ပေးခဲ့ကြောင်း သိရသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ယခုနှစ်ဆန်းက တရုတ်ပြည်သည် အမျိုးသား စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး ၁၃ကြိမ်မြောက် ၅နှစ် စီမံကိန်းကို ချမှတ်ကျင့်သုံးပြီး ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ မညီမျှခြင်း၊ မညီညွတ်ခြင်း၊ ဆက်တိုက်မပြုနိုင်ခြင်း စသည့် ပြဿနာများ ဖြေရှင်းရန် ရည်ရွယ်ထား ကြောင်း၊ ဆန်းသစ်တီထွင်မှု၊ ညီညွတ်မှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှု ရှိခြင်း၊ တံခါးဖွင့်မှု၊ အတူမျှဝေခံစားရေး ဟူသော ဖွံ့ဖြိုးတိုးတက်ရေး ကြံဆချက်များကို ခိုင်မာပြတ်သားစွာ စဲကိုင်မည် ဖြစ်ကြောင်း၊ ယနေ့တွင် တရုတ်ပြည်သည် သမိုင်းကြောင်းမှ အစပျိုးလိုက်ခြင်းသစ်၌ ရှိနေကြောင်း ပြောကြားသည်။

ဆက်လက်၍ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က မိမိတို့သည် ၄င်းအစပျိုးလိုက်ခြင်းတွင် ပြုပြင်ပြောင်းလဲမှုကို ဦးလည်မသုန် ဘက်စုံ ဇောက်ချပြုလုပ်ပြီး ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှု အနာဂတ်ရေးကို ဖန်တီးမည် ဖြစ်ကြောင်း၊ မိမိတို့သည် ဆန်းသစ်တီထွင်မှုဖြင့် ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေး မဟာဗျူဟာကိုရော၊ ပတ်ဝန်းကျင် ထိန်းသိမ်းမှု ရှိသည့် ဖွံ့ဖြိုးတိုးတက်မှုကိုရော၊ တရားမျှတမှုနှင့် အတူမျှဝေခံစားရေးကိုရော၊ တံခါးဖွင့်မှု တိုးချဲ့ရေးကိုပါ ဦးလည်မသုန် ကျင့်သုံးဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင်၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်ပြည် စနစ်သစ်နှင့် အဆိုပြုချက်သစ်များ တင်ပြခြင်းမှာ မည်သူ့ကိုမျှ မရည်ရွယ်ဘဲ ပူးပေါင်းဆောင်ရွက်မှု၊ အတူ အောင်မြင်မှုရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ရန် ရည်ရွယ်ကြောင်း၊ ၄င်းစနစ်သစ်နှင့် အဆိုပြုချက်သစ်များသည် လက်ရှိ နိုင်ငံတကာ စနစ်များကို ဖြည့်ဆည်းခြင်းနှင့် ပြည့်စုံကောင်းမွန်စေခြင်း ဖြစ်ကြောင်း၊ တရုတ်ပြည်၏တံခါးဖွင့်ရေးမှာ အင်အားတိုးချဲ့ရန် ကြံစည်ခြင်းမဟုတ်ဘဲ နိုင်ငံအသီးသီး အတူတကွ ဖွံ့ဖြိုးတိုးတက်ရန် အားပေးထောက်ခံခြင်းဖြစ်ကြောင်း၊ မိမိတို့၏ နောက်ဖေး ဝင်းခြံကို တည်ဆောက်ရန် မဟုတ်ဘဲ နိုင်ငံအသီးသီး အတူတကွမျှဝေခံစားနိုင်သော ပန်းတစ်ရာပန်းခြံကို တည်ဆောက်ရန် ဖြစ်ကြောင်း၊ တရုတ်ပြည်၏ တံခါးဖွင့်ရေးတွင် ဘက်အသီးသီးတို့ ပါဝင်ဆောင်ရွက်ရန် ကြိုဆိုကြောင်း ပြောကြားသည်။

   Webradio