• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဥရောပ စီးပွားရေး ဆက်ဆံမှု အပေါ် ဂျီ20ဟန်ကျိုးထိပ်သီး အစည်းအဝေး သြဇာသက်ရောက်မှု ရှိမည်ဟု ပညာရှင်ဆို

(GMT+08:00) 2016-09-01 14:41:42

မကြာမီက တရုတ် လူမှုရေး သိပ္ပံပညာ အကယ်ဒမီ ရုရှား၊ အလယ်၊ အရှေ့ဥရောပနှင့် အလယ်အာရှ ရေးရာ သုတေသနဌာနမှ သုတေသီ မစ္စက် ကျန်းလိက စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် ကျင်းပတော့မည့် ဂျီ20 ဟန်ကျိုး ထိပ်သီး အစည်း အဝေးသည် တရုတ်-ဥရော စီးပွားရေး ဆက်ဆံမှုနှင့် ကမ္ဘာ့ စီးပွားရေး စနစ် အပေါ် အရေးကြီးသည့် သြဇာသက်ရောက်မှု ရှိမည် ဖြစ်ကြောင်း ပြောကြားသည်။

၎င်းက တရုတ်နှင့် ဥရောပ နှစ်ဖက်တို့သည် ဂျီ20မူဘောင် အတွင်း ညှိနှိုင်းဆွေးနွေးမှု အားဖြည့်ဆောင်ရွက်ပြီး အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှု တိုးပွားစေနိုင်မည်ဆိုလျှင် တရုတ်-ဥရောပ ဖွံ့ဖြိုးရေး မဟာဗျူဟာ ညီညွတ်စေရေးကိုရော၊ တရုတ်-ဥရောပ နှစ်ဖက် ရင်းနှီးမြှုပ်နှံရေး သဘောတူစာချုပ် အမြန်ဆုံးချုပ်ဆိုခြင်းကိုရော၊ တရုတ်ပြည်၏ ဈေးကွက် စီးပွားရေး အဆင့်နေရာအား ဥရောပ သမဂ္ဂ အနေနှင့် အသိအမှတ်ပြုခြင်းကိုရော၊ တရုတ်ပြည် အပေါ် ဥရောပ သမဂ္ဂ ကျင့်သုံးလျက်ရှိသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိုယ်ကျိုး စီးပွား ကာကွယ်ရေး ဆောင်ရွက်ချက်များ ဖျက်သိမ်းခြင်းကိုပါ  တွန်းအားပေးမည်ဟု ယူဆကြောင်း ပြောကြားသည်။

ထို့အပြင်၊၄င်းက တရုတ်ပြည်သည် ကမ္ဘာပေါ်က အကြီးဆုံး ဖွံ့ဖြိုးဆဲ နိုင်ငံ ဖြစ်သကဲ့သို့ ဥရောပ သမဂ္ဂသည် အကြီးဆုံး ဖွံ့ဖြိုးပြီးနိုင်ငံများ အုပ်စုလည်း ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် ဒေသတွင်း တပြေးညီ ဖြစ်စေရေး၊ စီးပွားရေး ဂလိုဘယ်လိုင်ဇေးရှင်းနှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးနေသည့် အဓိက အင်အားများလည်းဖြစ်ကြောင်း ၂၀၀၃ခုနှစ် တရုတ်-ဥရောပ ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု ထားရှိခဲ့သည့် နောက်ပိုင်းတွင် နှစ်ဖက်တို့၏ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် လျင်မြန်စွာ တိုးတက်လာပြီး အပြန်အလှန် အကျိုးရှိစေရေးကို အဆက်မပြတ် ဇောက်ချပြုလုပ်ကြောင်း ပြောကြားသည်။

   Webradio