• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျီ-၂၀ ဟန်ကျိုး ထိပ်သီးအစည်းအဝေး လုံခြုံရေးဆောင်ရွက်မှု အားဖြည့်နေ

(GMT+08:00) 2016-08-31 09:27:56

၁၁ ကြိမ်မြောက် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကို စက်တင်ဘာ ၄ ရက်နေ့မှ ၅ ရက်နေ့ အထိ ဟန်ကျိုးမြို့၌ ကျင်းပမည်။ ရှုပ်ထွေးပွေလီသော နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး အခြေအနေနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်လျက် တရုတ် နိုင်ငံသည် လုံခြုံရေးဆောင်ရွက်မှုများကို အားဖြည့်နေသည်။

ဟန်ကျိုးမြို့သည် အဆင့်အမြင့်ဆုံး လုံခြုံမှု ထိန်းသိမ်းရေး ဆောင်ရွက်မှုကို ပြုလုပ် နေသည်။ ထိပ်သီးအစည်းအဝေးတွင် လူ့မျက်နှာ သိမြင်ခွဲခြားရေးနည်းပညာ၊ နံမည်အရင်း အသုံးပြုရေး စနစ်များကို ကျင့်သုံးသည့်အပြင် လုံခြုံမှု ကင်းလှည့်ရေးအဖွဲ့များစွာကိုလည်း ဖွဲ့စည်း ထားသည်။ ဟန်ကျိုး ရဲဌာနသည် ကုန်းတွင်း ကားလမ်း စစ်ဆေးရေးဂိတ် ၁၇၂ ခုကို ထားရှိပေးသည်။

ဖူတန့်တက္ကသိုလ်မှ ဒုပါမောက္ခ ကျူကျယ်ကျင့်က၊ မည်သည့် နိုင်ငံတွင်မဆို ထိပ်သီး အစည်းအဝေး ကျင်းပသည့်အခါ အကြမ်းဖက်မှု ဆိုင်ရာ စိန်ခေါ်မှုနှင့် မလွဲမသွေ ရင်ဆိုင် ရကြောင်း၊ နောက်တစ်ခု ရင်ဆိုင်ရမည့် တစ်ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုမှာ ဇကာ အပါအဝင် ကူးစက်ရောဂါ ဖြစ်ကြောင်း သုံးသပ်ထားသည်။

   Webradio