• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

TPP အမေရိကန် လွှတ်တော်မှ အတည်ပြုခံနိုင်ချေ နည်း

(GMT+08:00) 2016-08-26 09:19:42

အမေရိကန်သမ္မတ အိုဘားမားသည် ကက်ဘိနက်အဖွဲ့ဝင်များအား လွှတ်တော်ကို ဖျောင်းဖျနားချဖို့ လှုံ့ဆော်တိုက်တွန်း နေပြီး ယခုနှစ် နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲ အပြီးတွင် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု သဘောတူစာချုပ် TPP ကို အတည်ပြုနိုင်ရန် မျှော်လင့်သည်။ သို့သော် အမေရိကန် ပြည်တွင်း၌ သဘော ကွဲလွဲမှု ကြီးမားခြင်း၊ ဒီမိုကရက်တစ်ပါတီနှင့် ရီပတ်ဗလစ်ကန်ပါတီမှ အရွေးခံရန် ပုဂ္ဂိုလ်များ ကန့်ကွက်ခြင်းနှင့် အထက်အောက်လွှတ်တော်ကို ထိန်းချုပ်ထားသော ရီပတ်ဗလစ်ကန်ပါတီ ခေါင်းဆောင်များက ပုဒ်မ အချို့အပေါ် မကျေနပ်ခြင်း အပါအဝင် အကြောင်း အမျိုးမျိုးကြောင့် အိုဘားမား သမ္မတ တာဝန် ထမ်းဆောင်စဉ်အတွင်း TPP မှာ အတည်ပြု ခံနိုင်ချေ နည်းနေသည်ဟု ဆင်ဟွာသတင်းဌာန၏ ဆောင်းပါး တစ်ပုဒ်တွင် ရေးသား ဖေါ်ပြထားသည်။

ငါးနှစ်ကြာ စေ့စပ်ဆွေးနွေးပြီးနောက် အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ ကနေဒါ၊ မက္ကဆီကို၊ စင်ကာပူ၊ ဘရူနိုင်း၊ ဗီယက်နမ်နှင့် မလေးရှား စသည့် နိုင်ငံ ၁၂ နိုင်ငံတို့သည် လွန်ခဲ့သည့်နှစ် အောက်တိုဘာလက TPP နှင့် ပတ်သက်ပြီး သဘောတူညီမှု ရရှိခဲ့ပြီး ယခုနှစ် ဖေဖေါ်ဝါရီလတွင် TPP စာတမ်းကို တရားဝင် ချုပ်ဆိုခဲ့သည်။

အိုဘားမားအစိုးရက၊ TPP သည် အမေရိကန်အတွက် အာရှ ပစိဖိတ် ဈေးကွက်ကို တဆင့်တိုး တိုးချဲ့ပေးနိုင်မည့်အပြင် အာရှ ပစိဖိတ်ဒေသအတွက် ကုန်သွယ်ရေး စည်းမျဉ်းသစ်ကိုလည်း ချမှတ်ပေးနိုင်မည်ဟု ယူဆသည်။ အိုဘားမားသည် TPP ကို အာရှ ပစိဖိတ်ဒေသ ပြန်လည် ညီမျှရေးဆိုင်ရာ အမြုတေ စီးပွါးရေး ကျောရိုးမဏ္ဍိုလ် အဖြစ် သဘောထားနေသည်။ သို့သော် အိုဘားမား၏ ယင်းစီမံကိန်းသည် ရီပတ်ဗလစ်ကန်ပါတီ သမ္မတလောင်း ထရမ်းနှင့် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီတို့၏ တညီတညွတ်သော ကန့်ကွက်မှုကို ရရှိခဲ့သည်။

   Webradio