• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒူတယ်တေ၏ နိုင်ငံရေးမူဝါဒသစ် ပဏာမ အကျိုးသက်ရောက်မှု ရရှိ

(GMT+08:00) 2016-08-24 09:52:17

ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် သမ္မတရုံးတို့က၊ ဖိလစ်ပိုင်သည် ကုလသမဂ္ဂမှ ထွက်ခွါရန် ဆန္ဒ မရှိဟု ၂၂ ရက်နေ့က ရှင်းလင်း ဖေါ်ပြခဲ့သည်။ ယင်းမတိုင်မီက ကုလသမဂ္ဂ၏ ဖိလစ်ပိုင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မူဝါဒဆိုင်ရာ အမြင်သဘောထား အပေါ် မကျေနပ်သဖြင့် ဖိလစ်ပိုင် သမ္မတ ဒူတယ်တေသည် ကုလသမဂ္ဂမှ ထွက်ခွါရန် ဆိုခဲ့ဖူးကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

၂၂ ရက်နေ့ကပဲ ဖိလစ်ပိုင် အစိုးရနှင့် ဖိလစ်ပိုင် ကွန်မြူနစ်ပါတီ ဦးဆောင်သော ပြည်လုံးဆိုင်ရာ ဒီမိုကရေစီ တပ်ပေါင်းစုတို့သည် ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲကို ပြန်လည် ကျင်းပပြီး ရည်ရွယ်ချက်မှာ ဖိလစ်ပိုင် ကွန်မြူနစ်ပါတီနှင့် ၄င်း ဦးဆောင်သော ပြည်သူ့တပ်ဖွဲ့သစ်တို့၏ နှစ် ဆယ်ပေါင်းများစွာကြာ အစိုးရ အတိုက်အခံ လက်နက်ကိုင် လှုပ်ရှားမှုကို အဆုံးသတ်ရန် ဖြစ်ကြောင်း သိရပါသည်။

အကဲခတ်များက၊ ဒူတယ်တေ အာဏာရပြီး နှစ်လကြာ အချိန်ကာလအတွင်း မူးယစ်ဆေးဝါး ပျံ့နှံ့မှုကို ပြတ်ပြတ်သားသား တိုက်ဖျက်ကြောင်း၊ အစိုးရ အတိုက်အခံ လက်နက်ကိုင်များနှင့် စေ့စပ်ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်း၊ ၄င်း၏ နိုင်ငံရေး မူဝါဒသစ်တွင် ပဏာမ အကျိုးသက်ရောက်မှုများ ရရှိပြီ ဖြစ်ကြောင်း သုံးသပ်ကြသည်။

ဒူတယ်တေသည် မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်သူကို ပွဲချင်းပြီး အဆုံးစီရင်သည့် မူဝါဒကို ကျင့်သုံးနေကြောင်း၊ ဇူလိုင်လ ၁ ရက်နေ့က သြဂုတ်လ ၁၈ ရက်နေ့အထိ တစ်ပြည်လုံး၌ လူ ၆၆၇ ယောက်သည် ရဲတို့၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆောင်ရွက်မှုတွင်၎င်း၊ ၈၉၉ ယောက်သည် အရပ်သူများ၏ မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်မှု တိုက်ဖျက်ရေး ဆောင်ရွက်မှုတွင်၎င်း အသတ်ခံခဲ့ရကြောင်း၊ ကုလသမဂ္ဂနှင့် လူ့အခွင့်အရေး အဖွဲ့အစည်း အချို့တို့သည် ဥပဒေ အစီအစဉ် မရှိဘဲနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သူနှင့် သုံးစွဲသူများအား အဆုံးစီရင်သည့် လုပ်ရပ်ကို ပြစ်တင်ကြကြောင်း သတင်းရရှိပါသည်။

   Webradio