• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာ့နှိုင်းယှဉ်ပညာရေးအစည်းအဝေးကို တရုတ်နိုင်ငံ၌ ကျင်းပ

(GMT+08:00) 2016-08-23 14:29:08

၁၆ ကြိမ်မြောက် ကမ္ဘာ့နှိုင်းယှဉ်ပညာရေးအစည်းအဝေးကို သြဂုတ်လ ၂၂ ရက်နေ့က ပီကင်း ဆရာအတတ်သင်တက္ကသိုလ်၌ ကျင်းပခဲ့သည်။ ယင်းသည် ကမ္ဘာ့နှိုင်းယှဉ်ပညာရေးအသင်း အဖွဲ့ချုပ် တည်ထောင်သည့် နှစ် ၄၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံ၌ အစည်းအဝေးကျင်းပခြင်းဖြစ်သည်။

တရုတ်ပညာရေးဝန်ကြီးဌာနဝန်ကြီးချင်ပေါင်ရှိန်က နှိုင်းယှဉ်ပညာရေးသည် သက်တမ်း နှစ် ၂၀၀ နီးပါးရှိသည့်ဘာသာရပ်အနေနှင့် ကမ္ဘာ့ပညာရေး ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်အတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြောင်းပြောကြားသည်။

   Webradio