• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒေါ်စု၏ တရုတ်ခရီးစဉ် မြန်မာ မီဒီယာများ သတင်းထုတ်ပြန်

(GMT+08:00) 2016-08-23 10:21:44

ပြည်ထောင်စု မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ တရုတ်ပြည်သို့ ခရီး လှည့်လည် ခဲ့သည်။ မြန်မာ မီဒီယာများသည် ယင်းကို လွန်စွာ အာရုံစိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်ကို တက်ကြွစွာ သတင်းထုတ်ပြန်ပြီး ယင်းသည် တရုတ်-မြန်မာ ဆက်ဆံမှု တိုးတက်ရေးတွင် အခန်းကဏ္ဍသစ် ဖြစ်သည်ဟု သုံးသပ် ကြသည်။

Voice သတင်းစာ၏ ၁၇ ရက်နေ့က ခေါင်းကြီးပိုင်းတွင်၊ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ အာရုံအစိုက်ရဆုံးကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်၏ တရုတ် ခရီးစဉ် ဖြစ်ပြီး ယင်းသည် မြန်မာ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် လွန်စွာ အရေးကြီးကြောင်း ရေးသားထားသည်။

Seven days နေ့စဉ်သတင်းစာတွင် ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင် တရုတ် ခရီးစဉ် စတင်ပြီး တရုတ်နိုင်ငံသည် ကော်ဇောနီဖြင့် ဧည့်ကြိုခြင်း ခေါင်းစဉ်ဖြင့် ၁၈ ရက်နေ့က သတင်း ထုတ်ပြန်သည်။ ထို့ပြင် ခေါင်းကြီးပိုင်း၌ ထုတ်ပြန်သော သမိုင်း အခန်းကဏ္ဍသစ် ဖြစ်သွားမည့် ခရီးစဉ် ခေါင်းစဉ် ဖြစ်သည့် ဆောင်းပါးတွင်၊ ဒေါ်အောင်ဆန်းစုကြည်သည် လက်တွေ့ကျကျ ဆောင်ရွက်တတ်သော နိုင်ငံရေး ပုဂ္ဂိုလ် ဖြစ်ပြီး ယခုအကြိမ် ခရီးစဉ်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အကြောင်းနှင့် မြန်မာ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အလေးထားမည်ဟု နိုင်ငံတကာ အကဲခတ် များစွာတို့က ယူဆကြကြောင်း ဖေါ်ပြထားသည်။

ယနေ့ဒီမိုကရေစီ သတင်းစာတွင် နိုင်ငံရေး ကျွမ်းကျင်ပညာရှင် ဦးအောင်ကျော်နှင့် အင်တာဗျူးသတင်းကို ထုတ်ပြန်သည်။ ဦးအောင်ကျော်က၊ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သို့ ခရီးလှည့်လည်ရန် ရွေးချယ်သည့် အကြောင်းမှာ နှစ်နိုင်ငံ ဆက်ဆံမှု သမိုင်း ကြာမြင့်ပြီး တရုတ်နိုင်ငံသည် မြန်မာ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် လွန်စွာ အရေးကြီးခြင်း ဖြစ်ကြောင်း ပြောကြားသည်။

တရုတ်ခရီးစဉ်အတွင်း တရုတ်နှင့် မြန်မာ နှစ်နိုင်ငံတို့သည် ပူးတွဲ သတင်း ဆောင်းပါးများကို ထုတ်ပြန်ပြီး မြန်မာ သမ္မတရုံး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ Facebook များနှင့် မြန်မာ မီဒီယာ အချို့သည် သတင်းဆောင်းပါးများကို စုံလင် ထုတ်ပြန်ပြီး နှစ်နိုင်ငံတို့၏ ချစ်ကြည်ရေး အစဉ်အလာကို အလေးထား ဖေါ်ပြထားသည်။

   Webradio