• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး

(GMT+08:00) 2016-08-19 09:02:55
တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် ၁၈ ရက်နေ့က ပီကင်း၌ မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။ လီခေ့ချန်က၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ဖွံ့ဖြိုးရေး မဟာဗျူဟာဆိုင်ရာ ဆက်နွှယ်မှုကို တွန်းအားပေးလိုကြောင်း၊ အဓိက လုပ်ငန်းနယ်ပယ်များ၌ ပူးပေါင်း ဆောင်ရွက်မှုကို ပိုမို ကောင်းမွန်အောင် စီမံခန့်ခွဲလိုကြောင်း၊ တရုတ်-မြန်မာ ရေနံ၊ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းနှင့် မြစ်ဆုံ ရေအားလျှပ်စစ်ဓါတ်အားပေးလုပ်ငန်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို သင့်တော်စွာ တွန်းအားပေးလိုကြောင်း၊ ၂၁ ရာစု ပင်လုံ ညီလာခံ အောင်မြင်ပါစေဟု ဆုတောင်းပါကြောင်း ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်က၊ မြန်မာ-တရုတ် ဆက်ဆံမှုမှာ သမိုင်းသက်တမ်း ကြာမြင့်ပြီး ပေါက်ဖေါ် ချစ်ကြည်ရေးမှာ လေးနက်သော အရပ်ဘက် အခြေခံ ရှိကြောင်း၊ မြန်မာအစိုးရသစ်သည် တရုတ်ပြည်နှင့် ဆက်ဆံမှုကို လွန်စွာ အလေးထားကြောင်း၊ မြန်မာ လူမှုရေးနှင့် စီးပွါးရေး ဖွံ့ဖြိုးမှုတွင် တရုတ်ပြည်ဘက်၏ ကူညီမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်က၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုကို တိုးမြှင့်လိုကြောင်း၊ စွမ်းအင် နယ်ပယ် အပါအဝင် လက်တွေ့ကျ ပူးပေါင်း ဆောင်ရွက်မှုကို တွန်းအားပေးပြီး နယ်စပ်ကုန်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် ပညာရေး စသည့်နယ်ပယ်များ၌ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ကာ နယ်စပ်ဒေသ တည်ငြိမ်မှုကို လက်တွဲ ထိန်းသိမ်းလိုကြောင်း ပြောကြားသည်။ ယင်းနေ့တွင် ၄င်းတို့သည် မြန်မာ မြောက်ပိုင်းဒေသပြဿနာကိုလည်း ဆွေးနွေးကြသည်။ လီခေ့ချန်က၊ တရုတ်နိုင်ငံသည် မြန်မာ၏ အချုပ်အခြာအာဏာပိုင်မှုနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို လေးစားပြီး မြန်မာ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးမှု တွန်းအားပေးသည့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်က၊ မြန်မာ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် မြန်မာနှင့် တရုတ်နိုင်ငံတို့၏ ကောင်းမွန်သော ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ချီးကျူးပြီး ယင်းနှင့် ပတ်သက်ပြီး ဆက်လက် အားဖြည့် ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားသည်။
   Webradio