• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာ စီးပွါးရေး မူဝါဒသစ် ထုတ်ပြန်

(GMT+08:00) 2016-08-18 11:14:37

မြန်မာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသည် မကြာမီက အာဏာရပြီးနောက် ပထမဆုံးသော စီးပွါးရေးမူဝါဒဆိုင်ရာ စာတမ်းကို ထုတ်ပြန်ခဲ့ပြီး ယင်းစာတမ်းတွင် စီးပွါးရေး မူဝါဒသစ် ၁၂ ရပ် ပါဝင်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

စီးပွါးရေး ပညာရှင်များက၊ ယင်းစီးပွါးရေး မူဝါဒသစ်များသည် လူ့ကို အရင်းခံအဖြစ် ထားသည့် ဆက်တိုက် ဖွံ့ဖြိုးရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးချင်း သယံဇာတ သုံးစွဲမှု ညီမျှစေရေးနှင့် တိုင်းရင်းသား ပြန်လည် သင့်မြတ်စေရေးနှင့် ငြိမ်းချမ်းရေးကို ထောက်ခံရေး ဖြစ်သည့် စီးပွါးရေး ရည်မှန်းချက်ကို ပေါ်လွင်လာစေကြောင်း ယူဆကြသည်။

ကျွမ်းကျင်ပညာရှင်များက၊ ပထမ အနေနှင့် ယင်းစီးပွါးရေး မူဝါဒသစ်သည် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်စိတ်ကို တိုးမြှင့်လာစေကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စွဲဆောင်ရန် ဥပဒေပြုရေးလုပ်ငန်းကို တွန်းအားပေးမည် ဖြစ်ပြီး ပညာပစ္စည်း မူပိုင်ခွင့်ကို ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း၊ ဒုတိယ အနေနှင့် ကုန်သွယ်ရေး ဆိုင်ရာ အခွင့်အလမ်းများစွာကို ဖန်တီးပေးနေကြောင်း၊ စီးပွါးရေး မူဝါဒဆိုင်ရာ စာတမ်းတွင် မြန်မာ အစိုးရသည် အခြေခံ အဆောက်အအုံ ဆောက်လုပ်မှုကို အားဖြည့်မည် ဖြစ်ပြီး လျှပ်စစ်ဓါတ်အား၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဆိပ်ကမ်း ဆောက်လုပ်မှုကို ဦးစားပေးမည်ဟု ရေးသားထားကြောင်း၊ ထို့ပြင် အသက်မွေးပညာပေးလုပ်ငန်းနှင့် လူ့စွမ်းအား လေ့ကျင့်ပျိုးထောင်ရေး အပါအဝင် စွမ်းရည် ထူထောင်ရေးလုပ်ငန်းကိုလည်း အားဖြည့်မည်ဟု ရေးသားထားကြောင်း၊ တတိယ အနေနှင့် စီးပွါးရေး မူဝါဒသစ်သည် အမျှော်အမြင် ရှိကြောင်း၊ စာတမ်းတွင် မြန်မာအစိုးရသည် သယံဇာတ အရင်းအမြစ် ပေါကြွယ်မှုအကြောင်း ပြောမိခြင်း မရှိဘဲ ဖွံ့ဖြိုးရာ၌ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်မှုနှင့် ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်း ထိန်းသိမ်းစောင့်ရှောက်မှု အကြောင်းကို လွန်စွာ အလေးထားကြောင်း၊ ထို့ပြင် ယင်းစာတမ်းတွင် မြန်မာစီးပွါးရေးသည် ညီမျှစွာ ဖွံ့ဖြိုးတက်ရမည် ဖြစ်ပြီး အစိုးရသည် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အလတ်စား လုပ်ငန်းများကို ထောက်ပံ့မည်ဟုလည်း ရေးသားဖေါ်ပြထားကြောင်း သုံးသပ်ကြသည်။

   Webradio