• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန်သည် အိမ်နီးချင်းနိုင်ငံများ၏ တရားမျှတသော အသံကို နားထောင်သင့်

(GMT+08:00) 2016-08-15 10:58:30

သြဂုတ်လ ၁၅ ရက်နေ့သည် ဂျပန် ကျူးကျော်ရေးစစ်ပွဲ ရှုံးနိမ့်ခဲ့သည့် ၇၁ နှစ်ပြည့်နေ့ ဖြစ်သည်။ တရုတ်ပြည်သူ့နေ့စဉ်သတင်းစာတွင် ဂျပန် မေဂျီ ကာကွင် တက္ကသိုလ် နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန သုတေသီ တာကာရှီ အီရှီတာ၏ ဆောင်းပါးကို ထုတ်ပြန်ပြီး ဂျပန်သည် အိမ်နီးချင်းနိုင်ငံများ၏ တရားမျှတသောအသံကို နားထောင်သင့်သည်ဟု ပန်ကြားသည်။

ယင်းဆောင်းပါးထဲတွင်၊ လွန်ခဲ့သည့်နှစ် သြဂုတ်လ ၁၄ ရက်နေ့က ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက စစ်ပြီး နှစ် ၇၀ ပြည့် မိန့်ခွန်း ပြောကြားရာတွင် မိမိတို့သည် စစ်ပွဲနှင့် ဆက်စပ်မှု တစုံတရာ မရှိသော နောင်လာနောက်သား အဆက်ဆက်ကို ဆက်လက် တောင်းပန်ရန် ကံကြမ္မာကို မထမ်းဆောင်စေသင့်ဟု ပြောကြားခဲ့ကြောင်း၊ လွန်ခဲ့သည့်နှစ်က ဂျပန်အစိုးရသည် နိုင်ငံတော် အခြေခံဥပဒေ ပုဒ်မ ၉ ကို လျစ်လျူရှုပြီး လွှတ်တော်၌ လုံခြုံမှု ကာကွယ်ရေး ဥပဒေများကို အတင်းအဓမ္မ အတည် ပြုခဲ့ကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံကို ပြင်ဆင်သည့် အစီအစဉ် မရှိဘဲနှင့် ဂျပန်ကို နိုင်ငံခြား၌ လက်နက်အင်အား ကျင့်သုံးစေနိုင်ခြင်းသည် နိုင်ငံတော် အခြေခံဥပဒေကို ငြင်းပယ်ရာ ကျကြောင်း ရေးသားထားသည်။

ဆောင်းပါးထဲတွင်၊ ဂျပန်သည် အရှေ့ပင်လယ် နယ်မြေ အငြင်းပွါးမှုကို အကြောင်း ပြပြီး တရုတ် ခြိမ်းခြောက်မှု ဝါဒကို ဆက်လက် ဖြန့်နေကြောင်း၊ တောင်ပင်လယ် ပြဿနာနှင့် ပတ်သက်ပြီးလည်း ဂျပန်သည် သက်ဆိုင်ရာနိုင်ငံ မဟုတ်သော်လည်း တရုတ် ခြိမ်းခြောက်မှု သတင်းဖြန့်ကာ ရှင်ဇိုအာဘေး အစိုးရ စုပေါင်းကာကွယ်ခွင့် ပြန်လည် ကျင့်သုံးရန်၊ ငြိမ်းချမ်းရေး အခြေခံဥပဒေ ပြင်ဆင်ရန်နှင့် စစ်ရေးအင်အား တိုးချဲ့ရန်အတွက် အကြောင်းပြချက် ရှာကြံနေကြောင်း ရေးသားထားသည်။

ဂျပန်သည် မကြာခဏ သံဝေဂရပြီး စစ်ပွဲ လမ်းမှား ပြန်လျှောက်ရန် ပြတ်ပြတ်သားသား ငြင်းပယ်မှသာ စစ်ဒဏ်ခံ နိုင်ငံများနှင့် ဆက်ဆံမှု ပြန်လည် ကောင်းမွန်နိုင်မည် ဖြစ်ကြောင်း၊ ဂျပန် အစိုးရ အနေနှင့် နိုင်ငံတကာ မိသားစုကြီး အထူးသဖြင့် အာရှ အိမ်နီးချင်းနိုင်ငံများ၏ တရားမျှတသောအသံကို နားထောင်နိုင်ရန် မျှော်လင့်ကြောင်း ဆောင်းပါးတွင် ရေးသားထားသည်။

   Webradio