• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အိမ်နီးချင်းကောင်း ဆက်ဆံမှုသည် တောင်ကိုးရီးယား လုံခြုံမှု၏ အာမခံချက်ပင်ဖြစ်

(GMT+08:00) 2016-08-04 10:14:58

တောင်ကိုးရီးယား ပြည်တွင်း၌ သာဒ် ဒုံးကျည် ကယ်ကွယ်ရေးစနစ် ဖြန့်ကြက်ခြင်းကို ကန့်ကွက်သူ များလာခြင်းကို ရင်ဆိုင်လျက် တောင်ကိုးရီးယားသမ္မတ ပတ်ဂွမ်ဟေးက၊ သာဒ် ဖြန့်ကြက်သည့် ရည်ရွယ်ချက်မှာ တောင်ကိုးရီးယား နိုင်ငံသားများကို မြောက်ကိုးရီးယား နျူကလီးယားနှင့် ဒုံးကျည် ခြိမ်းခြောက်မှုကို မခံစေဖို့ ကာကွယ်ရန်အတွက် ဖြစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ လုံခြုံမှုနှင့် ဆက်စပ်သဖြင့် ပြောင်းလဲလို့မရကြောင်း ၂ ရက်နေ့က နိုင်ငံတော်ရေးရာ အစည်းအဝေးတွင် ထပ်လောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

တရုတ်နှင့် ရုရှား စသည့်နိုင်ငံများက တောင်ကိုးရီးယား၏ သာဒ် ဖြန့်ကြက်မှုကို ကန့်ကွက်ကြပြီး မီဒီယာများကလည်း သာဒ် ဖြန့်ကြက်ရန် ဆုံးဖြတ်ခြင်းသည် အိမ်နီးချင်း နိုင်ငံများ၏ မဟာဗျူဟာ လုံခြုံမှုကို ကျူးကျော်ထိပါးပြီး ဒေသတွင်း မဟာဗျူဟာ ညီမျှမှုကို ဖျက်ဆီးနေသည်ဟု ပြစ်တင်ကြသည့် အချိန်အခါတွင် တောင်ကိုးရီးယား ခေါင်းဆောင် ယင်းသို့ ပြောဆိုခြင်းသည် စိတ်ပျက်ဖွယ်ရာပင် ဖြစ်သည်။ သာဒ် ဖြန့်ကြက်မှု၏ အကြီးဆုံး အန္တရာယ်မှာ စစ်ရေး အတွေးအခေါ် ပြန်လည် ဦးမော့ခြင်းနှင့် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်းရန် အခြေခံသည် ပြင်းထန်စွာ ဖျက်ဆီးခံရခြင်း ဖြစ်သည်ဟု တောင်ကိုးရီးယားက သိရှိနားလည်သင့်သည်။ အဆင့်မြင့် သိပ္ပံနည်းပညာ လက်နက် တစ်ခု နှစ်ခုသည် တောင်ကိုးရီးယားကို ကာကွယ်နိုင်မည် မဟုတ်ဘဲ အိမ်နီးချင်း နိုင်ငံများနှင့် ချစ်ခင် သင့်မြတ်စွာ ဆက်ဆံရေး မှသာ တောင်ကိုးရီးယား လုံခြုံမှုကို ကာကွယ်ရန် အခြေခံပင် ဖြစ်သည်ဟု ဆင်ဟွာ ဆောင်းပါးတွင် သုံးသပ်ထားသည်။

တောင်ကိုးရီးယား၌ သာဒ် စနစ် ဖြန့်ကြက်မှုသည် မြောက်ကိုးရီးယား နျူကလီးယား ပြဿနာ ဖြေရှင်းရေးအတွက် အကျိုးရှိမည် မဟုတ်သည့်အပြင် မြောက်ကိုးရီးယားကို  နျူကလီးယားနှင့် ဒုံးကျည် သုတေသနပြု ထုတ်လုပ်မှုကို ပိုမို အားဖြည့် စေမည်သာ ဖြစ်ကာ ကိုးရီးယားကျွန်းဆွယ် စစ်ရေး ရန်ငြိုးထားမှု ပိုမို ဆိုးဝါးစေမည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာန၏ ဆောင်းပါးတွင် ရေးသားထားသည်။

   Webradio