• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ကိုးရီးယားပြည်သူများ သာဒ် စနစ် ကန့်ကွက်ကြသည်

(GMT+08:00) 2016-08-01 10:12:09

တောင်ကိုးရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက သာဒ် ဒုံးကျည်ကာကွယ်ရေးစနစ်ကို စီအွန်ဂျူ စီရင်စု၌ ဖြန့်ကြက်ရန် ၁၃ ရက်နေ့က ကြေညာခဲ့ပြီးနောက် တောင်ကိုးရီးယား ပြည်တွင်း၌ ဆန္ဒပြ ကန့်ကွက်မှု များသည်ထက် များလာနေသည်။ စစီအွန်ဂျူ စီရင်စုမှ ပြည်သူပြည်သားများသည် ဆံပင်ရိတ်ခြင်း၊ အစာငတ်ခံခြင်း၊ စုစည်းပွဲ ကျင်းပခြင်း စသည့် အသွင်ပုံစံများနဲ့ ဆန္ဒပြပြီး အစိုးရက ဒုံးကျည်စနစ် ဖြန့်ကြက်မှု ဆုံးဖြတ်ချက်ကို ဖျက်သိမ်း နိုင်ဖို့ မျှော်လင့်ကြသည်။

သာဒ် စနစ်ကို စီအွန်ဂျူ စီရင်စု၌ ဖြန့်ကြက်ခြင်းကိစ္စနှင့် ပတ်သက်ပြီး ဒေသခံများ အစိုးရိမ်ဆုံးကိစ္စမှာ သာဒ် ၏ ရေဒါ ဓါတ်သံလိုက် ရောင်ခြည်ဖြာထွက်မှုဆိုင်ရာ အန္တရာယ် ဖြစ်သည်။ ဒေသခံများအား ဖျောင်းဖျနားချနိုင်ရန်အတွက် တောင်ကိုးရီးယား တပ်ဖွဲ့သည် ယင်းအန္တရာယ်မှာ မဆိုစလောက်သာပင် ဖြစ်သည်ဟု တလျှောက်လုံး သက်သေ ထောက်ပြနေသည်။ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက၊ သာဒ် ရေဒါသည် အသင့်အတင့်မြင့်ရာနေရာ၌ တည်ဆောက်မည် ဖြစ်ပြီး လူနေရပ်ကွက်များနှင့် လွန်စွာ ဝေးသဖြင့် မြေပြင်ပေါ်ရှိ လူသူများနှင့် သီးနှံစိုက်ပျိုးမှုအပေါ် ထိခိုက်မှု လုံးဝ မရှိဟု ရှင်းလင်း ပြောကြားသည်။ သို့သော် ဒေသခံများက ယင်းရှင်းပြချက်ကို မယုံကြည်ကြောင်း သတင်းရရှိပါသည်။

ဒေသခံ အရပ်ဘက် အသင်းအဖွဲ့ သာဒ် ဖြန့်ကြက်မှု ကန့်ကွက်ရေး ကော်မတီသည် ဥပဒေ မေးမြန်း အကြံပေးရေးအဖွဲ့နှင့် သဘောတူစာချုပ် ချုပ်ဆိုပြီ ဖြစ်ပြီး တရားစွပ်စွဲရန် ဆုံးဖြတ်ခဲ့သည်။ ယင်းကော်မတီသည် အိမ်ဖြူတော်၏ ဆန္ဒခံယူ ဝက်ဘဆိုက်တွင်လည်း တောင်ကိုးရီးယား၌ သာဒ် ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကြက်ရန် ဆုံးဖြတ်မှုကို ဖျက်သိမ်းခြင်း လှုပ်ရှားမှုကို လှုံ့ဆော်စည်းရုံးနေပြီး လက်ရှိအချိန်တွင် လူ ၃ သောင်းကျော်တို့ လက်မှတ်ရေးထိုးချုပ်ဆိုကြသည်။ ယင်းကော်မတီသည် သြဂုတ်လ ၁၄ ရက်နေ့ မတိုင်မီတွင် လူ ၁ သိန်း၏ လက်မှတ်ရေးထိုးခြင်း ရရှိနိုင်ရန် မျှော်လင့်ပြီး သို့ဖြစ်၍ အမေရိကန်အစိုးရသည် တုံ့ပြန်မှု ပြုလုပ်ရမည်ဟု သိရပါသည်။

   Webradio