• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ အစည်းအဝေးသည် တောင်ပင်လယ် ပြဿနာ လမ်းမှန်သို့ ပြန်ရောက်စေသည်ဟု ဝမ်ယိ ဆို

(GMT+08:00) 2016-07-26 10:05:04
တရုတ်-အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ၂၅ ရက်နေ့က လာအို နိုင်ငံ ဗီယင်ကျမ်းမြို့၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်မှု ကြေညာစာတမ်း ဘက်စုံ ထိရောက်စွာ အကောင်အထည် ဖေါ်ဆောင်ရေး ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင်၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက၊ ယခုအကြိမ် အစည်းအဝေးတွင် နှစ်ဖက်တို့၏ တူညီသော ရည်မှန်းချက်ကို အကောင်အထည် ဖေါ်ဆောင်နိုင်ခဲ့ကြောင်း၊ တရုတ်-အာဆီယံ ဆက်ဆံမှု၏ အနာဂတ်ရေးကို စီမံသည့်အပြင် တောင်ပင်လယ်ပြဿနာကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာစေလိုက်ကြောင်း ပြောကြားသည်။
ဝမ်ယိက၊ ယင်းပူးတွဲကြေညာချက်တွင် အသေးစိတ် အငြင်းပွါးမှုကို သတ်မှတ်ချက်အရ တိုက်ရိုက်ဆက်စပ်သော ကာယကံရှင်ဘက်များ တိုင်ပင် ဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းသင့်ကြောင်း၊ တောင်ပင်လယ်၏ တည်ငြိမ်မှုကို တရုတ်နှင့် အာဆီယံတို့ လက်တွဲ ထိန်းသိမ်းကာကွယ်ရမည် ဖြစ်ကြောင်း ပြောကြားသည်။
ဝမ်ယိက၊ အာဆီယံသည် အဖွဲ့ တစ်ခုလုံး အဖြစ် ဖိလစ်ပိုင် ယခင်အစိုးရ တစ်ဖက်သတ် တင်ပြသော တောင်ပင်လယ်ဆိုင်ရာ အနုညာတ စီရင်မှုအပေါ် ရပ်တည်ချက် မထားကြောင်း၊ အနုညာတ စီရင်မှုရလဒ်အပေါ် ဝေဖန်ချက် မပြုကြောင်း၊ တရုတ်နှင့် ဖိလစ်ပိုင်တို့ နှစ်ဖက် စေ့စပ်ဆွေးနွေးသောနည်းလမ်းဖြင့် ပြဿနာကို ဖြေရှင်းရန် ထောက်ခံကြောင်း ပြောကြားသည်။
တောင်ပင်လယ်ပြဿနာ ဖြေရှင်းရေးနှင့် ပတ်သက်ပြီး ဝမ်ယိက၊ တောင်ပင်လယ် ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်မှု ကြေညာစာတမ်းပါ မှန်ကန်သော လမ်းကြောင်းပေါ်သို့ ပြန်ရောက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။
   Webradio