• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ပင်လယ်ဆိုင်ရာ အကြောင်း ယန်ကျယ်ချီ ပြောကြား

(GMT+08:00) 2016-07-15 09:12:04

မကြာမီက ဖိလစ်ပိုင် တစ်ဖက်သတ် တင်သွင်းသော တောင်ပင်လယ် အနုညာတ စီရင်မှုဆိုင်ရာ ယာယီ ခုံသမာဓိရုံးသည် တရားမဝင်နှင့် အာဏာသက်ရောက်မှု မရှိသော စီရင်ဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံတော်ကောင်စီဝင် ယန်ကျယ်ချီသည် ၁၄ ရက်နေ့က တရုတ်ပြည်၏ သက်ဆိုင်ရာ သဘောထား ရပ်တည်ချက်ကို ရှင်းလင်းပြောကြားသည်။

ယန်ကျယ်ချီက၊ တောင်ပင်လယ်ဆိုင်ရာ အနုညာတစီရင်မှုသည် အစကနေ အဆုံးအထိ ဥပဒေကို အကြောင်းပြထားသည့် နိုင်ငံရေး ဆူပူနှောင့်ယှက်မှု တစ်ရပ်ပင် ဖြစ်ကြောင်း၊ တရုတ်အစိုးရ၏ တောင်ပင်လယ် နယ်မြေ အချုပ်အခြာအာဏာပိုင်ခွင့်နှင့် ပင်လယ်ဆိုင်ရာ အခွင့်အရေးနှင့် အကျိုးစီးပွါးကို ထိန်းသိမ်းကာကွယ်ရန် သန္နိဌာန်မှာ ပြတ်ပြတ်သားသား ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေနှင့် တိုက်ရိုက် ဆက်စပ်ရာ ကာယကံရှင် နိုင်ငံနှင့် သမိုင်းအဖြစ်မှန်ကို လေးစားသည့် အခြေခံပေါ်တွင် ကုလသမဂ္ဂ ပင်လယ်ဥပဒေရေးရာ အထွေထွေသဘောတူစာချုပ် အပါအဝင် အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ တိုင်ပင်ဆွေးနွေးသောနည်းလမ်းဖြင့် အငြင်းပွါးမှုကို သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းလိုကြောင်း ပြောကြားသည်။

ဖိလစ်ပိုင် အာကွီနို အစိုးရ တစ်ဖက်သတ် တင်သွင်းသော တောင်ပင်လယ်ဆိုင်ရာ အနုညာတစီရင်မှုနှင့် ပတ်သက်ပြီး ယန်ကျယ်ချီက၊ ယင်းလုပ်ရပ်သည် အပြည်ပြည်ဆိုင်ရာ ဥပဒေများကို ချိုးဖေါက်သည် ဖြစ်ပြီး စီရင်ဆုံးဖြတ်မှုမှာ တရားမဝင် ဖြစ်ကာ အာဏာသက်ရောက်မှု မရှိကြောင်း ပြောကြားသည်။

ယန်ကျယ်ချီက၊ တောင်ပင်လယ်သည် တရုတ်ပြည်သူများ ဘိုးစဉ်ဘောင်ဆက် ဖေါ်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ တရုတ်အစိုးရ၏ တောင်ပင်လယ် နယ်မြေ အချုပ်အခြာ အာဏာပိုင်ခွင့်နှင့် ပင်လယ်ဆိုင်ရာ အခွင့်အရေးနှင့် အကျိုးစီးပွါး ထိန်းသိမ်းကာကွယ်ရေး သန္နိဌာန်မှာ ပြတ်ပြတ်သားသား ဖြစ်ကြောင်း ပြောကြားသည်။

ယန်ကျယ်ချီက၊ အနုညာတစီရင်မှုမှာ နိုင်ငံအချို့က အပြည်ပြည်ဆိုင်ရာ ဥပဒေကို အကြောင်းပြပြီး ကိုယ်ကျိုးစီးပွါး ရှာကြံရန်အတွက် ပြုလုပ်သော ဆူပူနှောင့်ယှက်မှု ဖြစ်ကြောင်း၊ တောင်ပင်လယ်ပြဿနာသည် တောင်ပင်လယ် ကမ်းရိုးတန်းတလျှောက်မှ နိုင်ငံများအကြား ပြဿနာ ဖြစ်ပြီး သက်ဆိုင်ရာကာယကံရှင်နိုင်ငံများ ငြိမ်းချမ်းစွာ စေ့စပ်ဆွေးနွေးသော နည်းလမ်းဖြင့် ဖြေရှင်းသင့်ကြောင်း ပြောကြားသည်။

   Webradio