• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် ဖိလစ်ပိုင်တို့၏ တောင်ပင်လယ်၌ အငြင်းပွါးမှုကို စေ့စပ်ဆွေးနွေးသော နည်းလမ်းဖြင့် ဖြေရှင်းရန် တရုတ် စွဲကိုင်ခြင်း စက္ကူဖြူစာတမ်းကို တရုတ် ထုတ်ပြန်

(GMT+08:00) 2016-07-13 10:45:37

တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးသည် တရုတ်နှင့် ဖိလစ်ပိုင်တို့၏ တောင်ပင်လယ်၌ အငြင်းပွါးမှုကို စေ့စပ်ဆွေးနွေးသော နည်းလမ်းဖြင့် ဖြေရှင်းရန် တရုတ် စွဲကိုင်ခြင်း ခေါင်းစဉ်ဖြစ်သည့် စက္ကူဖြူစာတမ်းကို ယခုလ ၁၃ ရက်နေ့က ထုတ်ပြန် ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

စက္ကဖြူစာတမ်းတွင် တောင်ပင်လယ်ကျွန်းများသည် ရှေးပဝေသဏီကတည်းကပင် တရုတ်ပြည်၏ ပိုင်နက်နယ်မြေ ဖြစ်ခြင်း၊ တရုတ်နှင့် ဖိလစ်ပိုင်တို့၏ တောင်ပင်လယ်၌ အငြင်းပွါးမှု၏ အရင်းအမြစ်၊ တရုတ်နှင့် ဖိလစ်ပိုင်တို့သည် တောင်ပင်လယ်၌ အငြင်းပွါးမှု ဖြေရှင်းရေးနှင့် ပတ်သက်ပြီး သဘောတူညီမှု ရရှိပြီ ဖြစ်ခြင်း၊ ဖိလစ်ပိုင်သည် အငြင်းပွါးမှု ရှုပ်ထွေးစေသည့် ဆောင်ရွက်မှုကို ထပ်ခါတလဲလဲ ပြုလုပ်ခဲ့ခြင်းနှင့် တရုတ်ပြည်၏ တောင်ပင်လယ်ဆိုင်ရာပြဿနာ ကိုင်တွယ်ဖြေရှင်းရေး မူဝါဒများ ပိုင်း ငါးပိုင်း ပါဝင်သည်။

စက္ကူဖြူစာတမ်းတွင်၊ တရုတ်ပြည်သူများ၏ တောင်ပင်လယ်၌ လှုပ်ရှားမှု သမိုင်း သက်တမ်းမှာ နှစ်ပေါင်း ၂၀၀၀ ကျော် ကြာမြင့်ပြီ ဖြစ်ကြောင်း၊ တရုတ်နှင့် ဖိလစ်ပိုင်တို့၏ တောင်ပင်လယ် ဆိုင်ရာ အငြင်းပွါးမှု၏ အမြုတေမှာ ဖိလစ်ပိုင်က တရုတ် နန်စား ကျွန်းစု၏ ကျွန်းနှင့် ကျောက်ဆောင်အချို့ကို တရားမဝင် ကျူးကျော် သိမ်းပိုက်ခြင်း ဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ်က ဖိလစ်ပိုင် ယခင်အစိုးရက တဖက်သတ် တင်သွင်းသော တောင်ပင်လယ် ဆိုင်ရာ အနုညာတစီရင်မှုသည် တရုတ်-ဖိလစ်ပိုင်အကြား နှစ်ဖက် စေ့စပ်ဆွေးနွေးခြင်းဖြင့် အငြင်းပွါးမှု ဖြေရှင်းရေး သဘောတူစာချုပ်ကို ချိုးဖေါက်ပြီး တရုတ်ပြည်၏ ကုလသမဂ္ဂ ပင်လယ်အဏ္ဏဥပဒေ ဆိုင်ရာ အထွေထွေ သဘောတူစာချုပ်ဝင်နိုင်ငံ အဖြစ် အငြင်းပွါးမှု ဖြေရှင်းရေး အသွင်နည်းလမ်း ကိုယ်တိုင် ရွေးချယ်ရန် အခွင့်အရေးကို ကျူးကျော် ထိပါးကာ သဘောတူစာချုပ်ပါ အငြင်းပွါးမှု ဖြေရှင်းရေး အစီအစဉ်ကို အလွဲသုံးစားခဲ့ကြောင်း၊ တရုတ် နိုင်ငံသည် ကုလသမဂ္ဂ ပဋိဥာဉ်စာချုပ်ပါ ရည်မှန်းချက်နှင့်မူများကို အစဉ်တစိုက် လိုက်နာပြီး နိုင်ငံတကာ ဥပဒေ စိုးမိုးရေးကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်နေကြောင်း ရေးသားထားသည်။

   Webradio