• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျီ-၂၀ ကုန်သွယ်ရေးဝန်ကြီးများ ကြေညာချက် ထုတ်ပြန်

(GMT+08:00) 2016-07-11 09:50:47

တစ်ရက်ခွဲကြာ ကျင်းပသော ၂၀၁၆ ခုနှစ် ဂျီ-၂၀ ကုန်သွယ်ရေး ဝန်ကြီးများ အစည်းအဝေးကို ၁၀ ရက်နေ့က တရုတ်ပြည် ရှန်ဟိုင်းမြို့၌ ကျင်းပပြီးစီးခဲ့သည်။ အစည်းအဝေးတွင် ဂျီ-၂၀ သမိုင်းတွင် ပထမဆုံးသော ကုန်သွယ်ရေး ဝန်ကြီးများ ကြေညာချက်ကို ထုတ်ပြန်ပြီး စာတမ်း သုံးရပ်ကို အတည်ပြုသည့်အပြင် သဘောတူညီမှု နှစ်ရပ်ကိုလည်း ရရှိခဲ့သည်။ အစည်းအဝေး သဘာပတိ၊ တရုတ်ကုန်သွယ်ရေး ဝန်ကြီး ကောဟူချင်က၊ ဂျီ- ၂၀ ကုန်သွယ်ရေး ဝန်ကြီးများ အစည်းအဝေးတွင် လျာထားသော အောင်ကျိုးရလဒ်များကို ရရှိပြီး စက်တင်ဘာလ ဟန်ကျိုးမြို့ ထိပ်သီးအစည်းအဝေးအတွက် စီးပွါးကုန်သွယ်ရေးဆိုင်ရာ ပြင်ဆင်မှုများကို ပြုလုပ်ခဲ့ကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် အတည်ပြုခဲ့သော စာတမ်း သုံးရပ်မှာ၊ ဂျီ-၂၀ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖွဲ့ အလုပ်တာဝန်များ စာတမ်း၊ ဂျီ-၂၀ ကမ္ဘာ့ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ စာတမ်းနှင့် ဂျီ-၂၀ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု လမ်းညွှန်ရေးမူ စာတမ်းတို့ ဖြစ်သည်။ သဘောတူညီမှု နှစ်ရပ်မှာ၊ နိုင်ငံစုံ ကုန်သွယ်မှုစနစ်ကို တွန်းအားပေးရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၊ အသေးစားနှင့် အလယ်စား လုပ်ငန်းကုမ္ပဏီများကို နိုင်ငံတကာ တန်ဖိုးချိန်းတွင် ဝင်ရောက်စေဖို့ ကဏ္ဍစုံ ထောက်ပံ့ကူညီပေးရန်တို့ ဖြစ်သည်။

အထက်ပါ အောင်ကျိုးရလဒ် ငါးရပ်အပြင်၊ ဂျီ-၂၀ ကုန်သွယ်ရေး ဝန်ကြီးများသည် သံမဏိနှင့် အခြား ကုန်ထုတ်လုပ်ငန်း နယ်ပယ်များ၌ ကုန်ထုတ်စွမ်းအား လွန်ကဲမှုပြဿနာမှာ တစ်ကမ္ဘာလုံးဆိုင်ရာ ပြဿနာ ဖြစ်သည်ဟု ယူဆကြပြီး ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်နှင့် ယင်းနယ်ပယ်မှ စိန်ခေါ်မှုများကို ထိရောက်သောနည်းလမ်းများဖြင့် ရင်ဆိုင်ဖြေရှင်းရန်လည်း သဘောတူကြသည်။

   Webradio