• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ပင်လယ် အငြင်းပွါးမှု၏ မူရင်းမှာ နယ်မြေနှင့် ပင်လယ် နယ်နိမိတ် မျဉ်းကြောင်း သတ်မှတ်ရေး အငြင်းပွါးမှု ဖြစ်သည်

(GMT+08:00) 2016-06-28 10:33:48

နယ်သာလန်နိုင်ငံ ဟိတ်မြို့၌ တောင်ပင်လယ် အနုညာတစီရင်မှုနှင့် နိုင်ငံတကာ ဥပဒေ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ကြသော ပြည်တွင်းပြည်ပမှ ကျွမ်းကျင်ပညာရှင် များသည် ၂၇ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြီး၊ တရုတ်-ဖိလစ်ပိုင် တောင်ပင်လယ် ဆိုင်ရာ အငြင်းပွါးမှု၏ မူရင်းအကြောင်းမှာ နယ်မြေနှင့် ပင်လယ် နယ်နိမိတ် မျဉ်းကြောင်း သတ်မှတ်ရေးဆိုင်ရာ အငြင်းပွါးမှု ဖြစ်ကြောင်း၊ ဖိလစ်ပိုင် တဖက်သတ် တင်ပြသော တောင်ပင်လယ်ဆိုင်ရာ အနုညာတ စီရင်မှုနှင့် ခုံသမာဓိရုံး၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ စီရင်ဆုံးဖြတ်ခြင်းအပေါ် မယုံသင်္ကာဖွယ်ရာ များစွာရှိကြောင်း ဖေါ်ပြကြသည်။

ကုလသမဂ္ဂ နိုင်ငံတကာဥပဒေ ကော်မတီ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး အချုပ်အခြာအာဏာပိုင်ခွင့်နှင့် ပင်လယ် နယ်နိမိတ်မျဉ်းကြောင်း သတ်မှတ်ရေးဆိုင်ရာ အငြင်းပွါးမှု စုံစမ်းစစ်ဆေး စီရင်မှုများစွာတွင်လည်း ပါဝင်ခဲ့ဖူးသော ကျွမ်းကျင်ပညာရှင် ရောင်းက၊ အစကတည်းကပင် ဖိလစ်ပိုင်သည် တင်ပြသော အနုညာတ စီရင်မှုသည် အချုပ်အခြာအာဏာပိုင်ခွင့်ဆိုင်ရာ အငြင်းပွါးမှုနှင့် မဆက်စပ်ဟု ခံယူကြောင်း၊ သို့သော် မိမိ အနေနှင့် တရုတ်ပြည် တင်ပြသော အဆိုပြုချက်မှာ တရားနည်းလမ်းကျသည်ဟု ယူဆကြောင်း၊ ကျောက်ဆောင် ဖြစ်ဖြစ်၊ ကျွန်းဖြစ်ဖြစ် မည်သူ ပိုင်ဆိုင်သနည်းဟု အရင် အတည်ပြုရကြောင်း၊ နယ်နိမိတ် အချုပ်အခြာအာဏာပိုင်ခွင့် ပြဿနာသည် ကုလသမဂ္ဂ ပင်လယ်ဥပဒေရေးရာ အထွေထွေ သဘောတူစာချုပ်ပါ ညှိနှိုင်းရန် မူဘောင်တွင် မပါဝင်ပြီး နယ်နိမိတ် မျဉ်းကြောင်း သတ်မှတ်ရေး ပြဿနာကိုလည်း အတင်းအဓမ္မ အနုညာတ စီရင်မှု အစီအစဉ်မှ ဖယ်ရှားကြောင်း တရုတ်အစိုးရက ထုတ်ပြန်ကြေညာခဲ့ပြီ ဖြစ်ကြောင်း၊ ခုံသမာဓိရုံးသည် အချုပ်အခြာအာဏာပိုင်ခွင့်နှင့် ပင်လယ် နယ်နိမိတ်မျဉ်းကြောင်း သတ်မှတ်ရေး ပြဿနာ အပေါ် စီမံအုပ်ချုပ်ခွင့် မရှိကြောင်း ပြောကြားသည်။

တရုတ် ဟူဟန့်တက္ကသိုလ် နိုင်ငံတကာဥပဒေ သုတေသနဌာန ထိပ်တန်း ပညာရှင် ယီရှန်ဟိုက၊ တောင်ပင်လယ် အနုညာတ စီရင်မှု၏ အရင်းအမြစ်မှာ ဖိလစ်ပိုင်က တရုတ် တောင်ပင်လယ် ကျွန်းနှင့် ကျောက်ဆောင် အချို့ကို ကျူးကျော် သိမ်းပိုက်ခြင်း ဖြစ်ကြောင်း၊ ယင်းပြဿနာကို ဖြေရှင်းလိုလျှင် ယင်းကျွန်းနှင့် ကျောက်ဆောင်များဆိုင်ရာ နယ်နိမိတ် အငြင်းပွါးမှုကို အရင် ကိုင်တွယ်ဖြေရှင်းရကြောင်း၊ အနုညာတစီရင်မှု၏ အရင်းအမြစ်မှာ နယ်နိမိတ်မျဉ်းကြောင်း သတ်မှတ်ခြင်းပြဿနာ ဖြစ်ကြောင်း ပြောကြားသည်။

   Webradio