• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ခုံသမာဓိရုံး၏ အခွင့်အာဏာအလွဲသုံးစားမှု အပေါ် နိုင်ငံခြား ပညာရှင်များ စိုးရိမ်

(GMT+08:00) 2016-06-21 09:51:01
ဖိလစ်ပိုင်က တဖက်သတ် တင်ပြခဲ့သော တောင်ပင်လယ်ဆိုင်ရာ အနုညာတ စီရင်မှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ ခုံသမာဓိရုံးသည် မကြာမီတွင် စီရင်ဆုံးဖြတ်မှု ပြုလုပ်မည်။ နိုင်ငံခြား ကျွမ်းကျင်ပညာရှင်များက၊ ခုံသမာဓိရုံး၏ အခွင့်အာဏာ တိုးချဲ့ အလွဲသုံးစားမှုအပေါ် စိုးရိမ်မကင်း ဖြစ်နေပြီး မယုံသင်္ကာဖွယ်ရာများကို လည်း တင်ပြကြသည်။

ကုလသမဂ္ဂ ပင်လယ်ရေးရာဥပဒေ အထွေထွေ သဘောတူစာချုပ်တွင်၊ နယ်နိမိတ် အချုပ်အခြာအာဏာပိုင်မှုကိစ္စသည် စာချုပ်ပါ ညှိနှိုင်းရေး မူဘောင်အတွင်း၌ မပါဝင်ကြောင်း၊ သက်ဆိုင်ရာ အငြင်းပွါးမှုသည် ပင်လယ် နယ်နိမိတ် မျဉ်းကြောင်း သတ်မှတ်ခြင်း၊ သမိုင်းဆိုင်ရာ ပင်လယ်ကွေ့ သို့မဟုတ် ပိုင်ဆိုင်ခွင့်၊ စစ်ရေးနှင့် စောင့်ကြပ်ရေး ဆောင်ရွက်မှု စသဖြင့်နှင့် ဆက်စပ်လျှင် စာချုပ်ဝင်နိုင်ငံများသည် အတင်း အဓမ္မ အနုညာတစီရင်မှုကို လက်မခံဟု ကြေညာခွင့်ရှိကြောင်း၊ အထက်ပါ နိုင်ငံ တစ်နိုင်ငံ ငြင်းပယ်ခံရသော အငြင်းပွါးမှုကို ခုံသမာဓိရုံးက စီမံအုပ်ချုပ်ခွင့် မရှိကြောင်း သတ်မှတ် ထားသည်။

သြစတြေးလျ New South Wales တက္ကသိုလ် ကင်ဘေလာ ကျောင်းခွဲ ပါမောက္ခ အော်စတင်က၊ တောင်ပင်လယ် ပြဿနာဆိုင်ရာ အငြင်းပွါးမှုများတွင် အချုပ်အခြာ အာဏာပိုင်ခွင့်၊ နယ်နိမိတ် နယ်ပယ်နှင့် ပင်လယ်ရေးရာ အခွင့်အရေးနယ်ပယ် အပါအဝင် နယ်ပယ် နှစ်ခု ပါဝင်ကြောင်း၊ ပင်လယ်ရေးရာစာချုပ်အရ ဒုတိယ နယ်ပယ် အပေါ်ကိုသာ စီရင်ဆုံးဖြတ်ခွင့်ရှိကြောင်း၊ တရုတ်နိုင်ငံသည် စာချုပ်နှင့် ပတ်သက်ပြီး ငြင်းပယ်သဘော ကြေညာချက်ကို ထုတ်ပြန်ပြီ ဖြစ်ကြောင်း၊ နယ်ပယ် နှစ်ခုမှ အငြင်းပွါးမှုများကို ရောနှောပြီး အနုညာတ စီရင်မှု ပြုလုပ်ပါက အန္တရာယ် ရှိမည် ဖြစ်ကြောင်း သုံးသပ်ထားသည်။

ကမ္ဘောဒီးယားနိုင်ငံ အာဆီယံ ပညာရေးစင်တာ ဥက္ကဋ္ဌ မာရှူစ်က၊ ဖိလစ်ပိုင်၏ တစ်ဖက်သတ် ဆောင်ရွက်မှုသည် အနုညာတ စီရင်မှု အစီအစဉ်၏ အခြေခံမူကို ဖေါက်ဖျက်ပြီး အနုညာတစီရင်မှု အစီအစဉ်ကို အလွဲသုံးစားပြီး မသမာ စီရင်ဆုံးဖြတ်မှု ရရှိရန် ကြံဆနေကြောင်း သုံးသပ်ထားသည်။

အီဂျစ် ဟော်လဗန် တက္ကသိုလ် အီဂျစ်-တရုတ် သုတေသနဌာန ဥက္ကဋ္ဌ စီယာ၇်ကလည်း၊ ၂၀၀၂ ခုနှစ်ကပင် တရုတ်နိုင်ငံသည် ဖိလစ်ပိုင် အပါအဝင် အာဆီယံ နိုင်ငံများနှင့် တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးသီးတို့၏ ဆောင်ရွက်မှု ကြေညာ စာတမ်းကို ချုပ်ဆိုခဲ့ပြီ ဖြစ်ကြောင်း၊ ယင်းသည် တောင်ပင်လယ် ပြဿနာကို အရင်းအမြစ်မှနေ ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံရေးမူဘောင် ဖြစ်သင့်ကြောင်း ပြောကြားသည်။

   Webradio