• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် အလယ်အရှေ့ဥရောပနှင့် ဥဇဘက်ကစ္စတန်သို့ ခရီးလှည့်လည်မည်

(GMT+08:00) 2016-06-16 09:13:13

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၇ ရက်နေ့မှ ၂၄ ရက်နေ့ အထိ ဆာဗီးယား၊ ပိုလန်နှင့် ဥဇဘက်ကစ္စတန်သို့ တရားဝင် ခရီးလှည့်လည်မည့်အပြင် ဥဇဘက်ကစ္စတန် တပ်ရှကင့်မြို့တော်၌ ကျင်းပမည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင် နိုင်ငံများ ထိပ်သီးများကောင်စီ ၁၆ ကြိမ်မြောက် အစည်းအဝေးသို့လည်း တက်ရောက်မည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အဆင့်မြင့်အရာရှိ တစ်ယောက်က၊ OBOR တည်ထောင်မှုကို တွန်းအားပေးခြင်းသည် ယခုအကြိမ် ခရီးစဉ်အတွင်း အရေးကြီး ဆွေးနွေးရန် အကြောင်းတစ်ရပ် ဖြစ်ကြောင်း ပြောကြားသည်။ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် တစ်ယောက်က၊ ထိပ်သီး အစည်းအဝေးတွင် တရုတ် နိုင်ငံသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ စိတ်ဓါတ် ဆက်လက် ထွန်းအားစေရန် လှုံ့ဆော်တိုက်တွန်းမည် ဖြစ်ပြီး ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ သွေးစည်းညီညွတ်ရေး၊ အပြန်အလှန်ယုံကြည်မှု တိုးမြှင့်ရေးနှင့် နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးဆိုင်ရာ အဆိုပြုချက်များကိုလည်း တင်ပြမည် ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံခြားရေး ဝန်ကြီး လက်ထောက် လီဟွေ့လိုင်က၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင် နိုင်ငံများ ထိပ်သီးများကောင်စီ ၁၆ ကြိမ်မြောက် အစည်းအဝေးတွင် အရေးကြီး နိုင်ငံတကာနှင့် ဒေသရေးရာ ကိစ္စများကို ဆွေးနွေးမည် ဖြစ်ကြောင်း၊ ထို့ပြင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့၏ နယ်ပယ် အသီးသီး၌ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်း ဆောင်ရွက်မှု နက်ရှိုင်စေရေး၊ အခြေအနေသစ်တွင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ ရင်ဆိုင်နေရသော အခွင့်အလမ်း၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ဖြေရှင်းရေး နည်းလမ်းများကိုလည်း တိုင်ပင်ဆွေးနွေးမည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio