• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လမ်ဆစ်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှုသည် ပြည်သူများ အကျိုးဆောင်ပေးရန် ရည်ရွယ်ထား

(GMT+08:00) 2016-03-25 10:55:36

လမ်ဆစ်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှု ပထမအကြိမ် ထိပ်သီး အစည်းအဝေးကို ၂၃ ရက်နေ့က တရုတ်ပြည် ဟိုင်နန်ပြည်နယ် စမ်းယာ့မြို့၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် စမ်းယာ့ ကြေညာချက်ကို ထုတ်ပြန်ပြီး နိုင်ငံ အသီးသီးမှ ခေါင်းဆောင်များသည် အပြန်အလှန် ဆက်သွယ်မှု၊ ကုန်ထုတ်စွမ်းအား၊ နိုင်ငံဖြတ်ကျော် စီးပွါးရေး၊ ရေအရင်းအမြစ်နှင့် လယ်ယာစိုက်ပျိုးရေး၊ ဆင်းရဲမှု ပပျောက်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို လမ်ဆစ်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှု၏ အစောပိုင်း ကာလ၌ ဦးစားပေး လုပ်ငန်းနယ်ပယ် ၅ ခုအဖြစ် ထားရှိရန် တညီတညွတ်တည်း သဘော တူကြသည်။ ထို့ပြင် ဆောင်ရွက်မှု ၂၆ ရပ်ကို ကျင့်သုံးပြီး ယင်းလုပ်ငန်းများကို အကောင်အထည် ဖေါ်ဆောင်မည်ဟုလည်း သဘောတူကြသည်။

ကျွမ်းကျင်ပညာရှင်များက၊ လမ်ဆစ်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှု၏ ရည်ရွယ်ချက်မှာ မြစ်တဝှမ်းမှ ပြည်သူများအား အကျိုးဆောင်ပေးရန် ဖြစ်ပြီး အစည်းအဝေး၏ အောင်ကျိုးရလဒ်များသည် နိုင်ငံအသီးသီးမှ ပြည်သူများအတွက် ထိရောက်သော အကျိုးစီးပွါးများကို ဆောင်ကျဉ်းပေးမည် ဖြစ်ကြောင်း ယူဆကြသည်။

တရုတ် လူမှုသိပ္ပပညာ တံခွန်အသင်းကြီး အာရှ ပစိဖိတ်ရေးရာ သုတေသနဌာန အရှေ့ဆောင်အာရှရေးရာ ထိပ်သီး သုတေသီ မစ္စတာ ရွှီလိဖိန်က၊ လမ်ဆစ်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှု စနစ်သည် ဒေသတွင်း အပြန်အလှန် ဆက်သွယ်မှုကို တွန်းအားပေး နိုင်မည် ဖြစ်ကြောင်း၊ အခြေခံအဆောက်အအုံများကို ဆောက်လုပ်နိုင်မည့်အပြင် ရေကြောင်းများကိုလည်း ဆက်သွယ်လာနိုင်မည် ဖြစ်ကြောင်း၊ ဒေသတွင်း နိုင်ငံဖြတ်ကျော် စီးပွါးရေးဇုန်များကို တည်ဆောက်ခြင်းဖြင့် ဒေသတွင်း စီးပွါးရေး ဖွံ့ဖြိုးတိုးတက် လာစေနိုင်မည် ဖြစ်ကြောင်း သုံးသပ်ထားသည်။

   Webradio