• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်နှင့်မဲခေါင်မြစ် ၅နိုင်ငံမှ ခေါင်းဆောင်များတို့ သတင်းထောက်များနှင့် တွေ့ဆုံ

(GMT+08:00) 2016-03-24 14:30:30

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည် ယမန်နေ့ ၂၃ရက်နေ့ နံနက်ပိုင်း က တရုတ်ပြည် စမ်းယာ့မြို့၌ လမ်ဆန်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်ရေး ပထမ အကြိမ် ထိပ်သီးအစည်းအဝေးကို ဦးစီးကျင်းပပြီးနောက် ထိုင်းဝန်ကြီးချုပ် ပရာယွတ်၊ မြန်မာ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ကမ္ဘာဒီးယားဝန်ကြီးချုပ် ဟုန်စိန်၊ လာအိုဝန်ကြီးချုပ် သွန်ဆင်နှင့် ဗီယက်နမ် ဒုဝန်ကြီးချုပ် ပမ်ဘင်မင်တို့နှင့် သတင်းထောက်များအား တွေ့ဆုံခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

ယခုဒီအကြိမ်ထိပ်သီးအစည်းအဝေးတွင် ရရှိခဲ့သော သဘောတူညီမှုနှင့် အောင်မြင်မှုများကို မိတ်ဆက်ပြောကြားရာတွင် လီခေ့ချန်က လမ်ဆန်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်ရေး ပထမအကြိမ် ထိပ်သီးအစည်းအဝေး အောင်မြင်စွာ ကျင်းပခြင်းသည် လမ်ဆန်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်ရေးစနစ် စတင် ကျင့်သုံးသည့်သဘောရှိဖြစ်ကြောင်း၊ လမ်ဆန်-မဲခေါင်မြစ်ဝှန်း နိုင်ငံများ၏ဆက်ဆံရေးကို တိုးမြှင့်ရန် နှင့် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးကို အားဖြည့်ပေးရန်အတွက် သမိုင်းဝင် အနက်အဓိပ္ပါယ်ရှိကြောင်း၊ ပြောကြားခဲ့ ပါသည်။

   Webradio