• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် မြန်မာ ဒုတိယ သမ္မတ စိုင်းမောက်ခမ်းနှင့် တွေ့ဆုံ

(GMT+08:00) 2016-03-24 09:44:21

တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ၂၃ ရက်နေ့ ညနေပိုင်းက တရုတ်ပြည် စမ်းယာ့မြို့၌ မြန်မာ သမ္မတ ဦးသိန်းစိန် ကိုယ်စား လမ်ဆန်မြစ်-မဲခေါင်းမြစ် ပူးပေါင်းဆောင်ရွက်မှု ပထမအကြိမ် ထိပ်သီးအစည်းအဝေးနှင့် ပိုအော် အာရှ ဖိုရမ် ၂၀၁၆ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်လာသော မြန်မာ ဒုတိယ သမ္မတ စိုင်းမောက်ခမ်းနှင့် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

လီခေ့ချန်က၊ တရုတ်နှင့် မြန်မာတို့သည် အိမ်နီးချင်းကောင်း ဖြစ်ကြောင်း၊ တရုတ် နိုင်ငံ အနေနှင့် မြန်မာ ပြည်သူများ ကိုယ့်ဆန္ဒအလျောက် ကိုယ့်နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးရေးလမ်းကြောင်း ရွေးချယ်ရန်ကို လေးစားပါကြောင်း၊ မြန်မာ ပြည်တွင်း အခြေအနေ မည်သို့ပင် ပြောင်းလဲစေကာပူ တရုတ်နိုင်ငံသည် ယခင်ကလိုပင် မြန်မာနိုင်ငံနှင့် အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်ပြီး နှစ်နိုင်ငံ ဆက်ဆံမှု ဆက်တိုက် ပုံမှန် တိုးတက်ရန် မြန်မာနိုင်ငံနှင့် လက်တွဲ ကြိုးပမ်းမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စိုင်းမောက်ခမ်းကလည်း၊ မြန်မာနိုင်ငံသည် တရုတ်ပြည်နှင့် ဆက်ဆံမှုကို လွန်စွာ အလေးထားကြောင်း၊ ရှာကြည်သည့်ကာလအတွင်း တရုတ်ပြည်သည် မြန်မာနိုင်ငံအား ထောက်ပံ့ကူညီခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံရေး အာဏာ လွှဲပြောင်းမှု ပြုလုပ်မည် ဖြစ်သော်လည်း မြန်မာနိုင်ငံသည် တရုတ်ပြည်နှင့် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

   Webradio