• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လမ်ဆန်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှုသည် အကျိုးဆောင်ပေးနိုင်ရန် မျှော်လင့်

(GMT+08:00) 2016-03-23 10:03:57

ပထမ အကြိမ် လမ်ဆန်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေးကို ၂၃ ရက်နေ့က တရုတ်ပြည် ဟိုင်နန်ပြည်နယ် စမ်းယာ့မြို့၌ ကျင်းပမည် ဖြစ်ပြီး အစည်းအဝေးတွင် လမ်ဆန်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှု စနစ် စတင် ကျင့်သုံးကြောင်း ထုတ်ပြန်မည်။

လာအိုနိုင်ငံ လာအို-တရုတ် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ဝီဂျီက၊ လမ်ဆန်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှု စနစ်သစ်သည် မဲခေါင်မြစ် တလျှောက်မှ နိုင်ငံများ၏ အကျိုးတူ ဖွံ့ဖြိုးမှုကို တွန်းအားပေးမည် ဖြစ်ကြောင်း၊ အထူးသဖြင့် လုံခြုံရေး၊ အပြန်အလှန် ဆက်သွယ်ရေး၊ အခြေခံ အဆောက်အအုံ၊ လူမှု ယဉ်ကျေးမှုနှင့် ခရီးသွား လုပ်ငန်း စသည့်တို့ကို အားဖြည့်သွားမည် ဖြစ်ကြောင်း၊ ယင်းစနစ်ကို အားကိုးပြီး လာအို နိုင်ငံသည် ကုန်တွင်းပိုင်းနိုင်ငံမှ ကုန်းတွင်း ဆက်သွယ်ရေးနိုင်ငံ ဖြစ်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။

ဗီယက်နမ် သံတမန်ရေး ကောလိပ်ကျောင်း သံတမန်ရေးမူဝါဒနှင့် မဟာဗျူဟာ သုတေသနဌာန ဒုဌာနမှူး ထျန်ဗီသိုင်က၊ လမ်ဆန်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှု စနစ်သည် မဲခေါင်မြစ်ဒေသငယ် နိုင်ငံများနှင့် အာဆီယံမှ အခြားနိုင်ငံများအကြား ဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းကျုံ့စေရေးအတွက် အထောက်အကူ ပြုမည် ဖြစ်ပြီး၊ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးနှင့် အရှေ့တောင်အာရှ ကုန်တွင်းပိုင်းနိုင်ငံများနှင့် တရုတ်ပြည် အကြား ပူးပေါင်းဆောင်ရွက်ရေး၏ အမှတ်လက္ခဏာ ဖြစ်နိုင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ စက်မှု လက်မှုနှင့်ကုန်သွယ်မှုအသင်း ဒုဥက္ကဋ္ဌ ဦးမောင်မောင်လေးက၊ လမ်ဆန်မြစ်-မဲခေါင်မြစ် နိုင်ငံများသည် တဖက်သား၏ လိုအပ်ချက်များကို နားလည်ပြီး အတူ ဖွံ့ဖြိုးရန်ဆန္ဒလည်း ရှိသဖြင့် စနစ်သစ်အောက်တွင် ပိုမို ကောင်းမွန်စွာ ပူးပေါင်း ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဖွံ့ဖြိုးမှုသည် ငွေကြေး ထောက်ခံမှုနှင့် ခွဲမရကြောင်း၊ တရုတ်ပြည်လို နိုင်ငံကြီးသည် လမ်ဆန်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်ဆောင်ရွက်သဖြင့် လမ်ဆန်မြစ်-မဲခေါင်မြစ် နိုင်ငံများ၏ ဖွံ့ဖြိုးမှုကို အားဖြည့်နိုင်မှာ သေချာကြောင်း ပြောကြားသည်။

   Webradio