• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လန်ချန်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်ရေး ၆နိုင်ငံတို့၏ ဘုံလိုအပ်ချက်နှင့် ကိုက်ညီဟု တရုတ် ပညာရှင်ဆို

(GMT+08:00) 2016-03-22 17:57:22

လန်ချန်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ပထမဆုံးအကြိမ် ထိပ်သီး အစည်းအဝေးကို ၂၃ရက်နေ့က တရုတ်ပြည် ဟိုင်နန်ပြည်နယ် စန်ယာ့တွင် ကျင်းပမည် ဖြစ်ကြောင်း၊ တရုတ် နိုင်ငံတော် ဝန်ကြီးချုပ် လီခေ့ချန်နှင့် မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘော ဒီးယား၊ ဗီယက်နမ် ၅နိုင်ငံမှ ထိပ်သီးခေါင်းဆောင်များသည် အစည်းအဝေးသို့ တက်ရောက် ပြီး ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းကြီးကို အတူချမှတ်မည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၎င်းအစည်းအဝေးတွင် ဒေသငယ် ပူးပေါင်းဆောင်ရွက်ရေး စနစ်သစ် ဖြစ်သည့် လန်ချန်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်ရေး စနစ်ကို တရားဝင် စတင် ကျင့်သုံး ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

 စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် တရုတ် အများပြည်သူ သံတမန်ရေး အသင်း ဒုဥက္ကဋ္ဌ မာကျင့်ကန်က ၆နိုင်ငံတို့သည် ပထဝီအရ ဆက်ဆံမှု ရှိသကဲ့သို့ အကျိုးစီးပွားချင်းလည်း ဆက်စပ်နေကြကြောင်း၊ ယင်းသည် အခြား နိုင်ငံတကာ အဖွဲ့အစည်းများ မရှိကြောင်း၊ ၆နိုင်ငံတို့ ကံကြမ္မာအသိုက်အဝန်း တည်ဆောက်ရေးသည် အလွန်အရေးကြီးကြောင်း၊ လန်ချန်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်ရေး စနစ်သည် ၆နိုင်ငံတို့၏ ဘုံလိုအပ်ချက်နှင့်အညီ ချမှတ်ခြင်းပင် ဖြစ်ကြောင်း ပြောကြားသည်။

 

   Webradio