• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပိုအော်အာရှဖိုရမ် နှစ်ပတ်လည် အစည်းအဝေး ဖွင့်လှစ်

(GMT+08:00) 2016-03-22 17:56:02

၂၀၁၆ခုနှစ် ပိုအော်အာရှဖိုရမ် နှစ်ပတ်လည် အစည်းအဝေးကို ၂၂ရက်နေ့မှ ၂၅ရက်နေ့အထိ ဟိုင်နန်ပြည်နယ် ပိုအော်တွင် ကျင်းပမည် ဖြစ်ကြောင်း၊ ယခုအကြိမ် ဖိုရမ်၏ ဆောင်ပုဒ်မှာ "အာရှ၏အနာဂတ်သစ်- တွန်းအားသစ်နှင့် မျှော်မှန်းချက်သစ်" ဟူ၍ ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ နိုင်ငံရေး ပုဂ္ဂိုလ်၊ နာမည်ကျော် ပညာရှင်၊ စက်မှုနှင့် စီးပွားရေး လောကမှ ခေါင်းဆောင်များသည် အစည်းအဝေးသို့ တက်ရောက်ပြီး အနာဂတ် အာရှ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆွေးနွေကြမည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

လက်ရှိအချိန်တွင် ကမ္ဘာ့ စီးပွားရေး နာလန်ပြန်ထူခြင်းသည် အားနည်းနေသေး ကြောင်း၊ ကမ္ဘာ့ စီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် တွန်းအား ဖြစ်သည့် ကုန်သွယ်မှု ပမာဏ တိုးနှုန်းသည် ကမ္ဘာ့ စီးပွားရေး တိုးနှုန်း၏ တစ်ဝက်ပင်အထိ ကျဆင်းသွားသွားခဲ့ကြောင်း၊ ရေနံဈေးနှုန်း အားနည်းခြင်းကြောင့် ရှင်သန်အားကောင်း ခဲ့ဖူးသည့် စွမ်းအင်သစ်လုပ်ငန်း၏ ရှေ့အလားအလာ ခန့်မှန်းရ ခက်ကြောင်း၊ ကမ္ဘာ့ စီးပွားရေးသည် တွန်းအားသစ်များ လိုအပ်ကြောင်း ရေးသားဖော်ပြသည်။

၂၀၁၆ခုနှစ် ပိုအော်အာရှဖိုရမ် နှစ်ပတ်လည် အစည်းအဝေးတွင် နှီးနှောဖလှယ်ပွဲ ၈၈ကြိမ် ကျင်းပမည် ဖြစ်ကြောင်း၊ ၄င်းနှီးနှောဖလှယ်ပွဲ ၈၈ကြိမ်တွင် ဖွင့်ပွဲ တစ်ကြိမ်၊ ဖိုရမ်ခွဲ ၅၁ကြိမ်၊ စားပွဲဝိုင်း အစည်းအဝေး ၁၅ကြိမ်၊ ထမင်းစား ဧည့်ခံပွဲ ၅ကြိမ်၊ လုပ်ငန်းတည် ထောင်သူများ ဆွေးနွေးပွဲ ၁၀ကြိမ်နှင့် ရုပ်မြင်သံကြား အချေအတင်ပြောဆိုပွဲ ၆ကြိမ် ပါဝင်ကြောင်း၊ ဖိုရမ်ခွဲ ၅၁ကြိမ်နှင့် ရုပ်မြင်သံကြား အချေအတင် ပြောဆိုပွဲများတွင် လုပ်ငန်းထည်ထောင်ရေးနှင့် ဆန်းသစ်တီထွင်ရေး၊ "အင်တာနက်+"၊ မက္ကရို စီးပွားရေး အခြေအနေသစ်၊ ပြဿနာသစ်၊ စီးပွားရေး၊ လူမှုရေး၊ ပြည်သူတို့၏ စားဝတ်နေရေးနှင့် ကမ္ဘာပေါ်က အရေးအခင်းကြီးများနှင့် ပတ်သက်၍ တက်ရောက်သူများသည် ဆွေးနွေးကြ မည်ဖြစ်ကြောင်း သိရသည်။

   Webradio