• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပိုအော်အာရှဖိုရမ် သဘောတူညီမှုသစ် စုစည်း

(GMT+08:00) 2016-03-21 12:34:53

၂၀၁၆ခုနှစ် ပိုအော်အာရှဖိုရမ် နှစ်ပတ်လည် အစည်းအဝေးကို ယခုလ ၂၂ရက်နေ့မှ ၂၅ရက်နေ့အထိ ဟိုင်နန်ပြည်နယ် ပိုအော်တွင် ကျင်းပမည် ဖြစ်ကြောင်း၊ တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ၂၄ရက်နေ့တွင် အစည်းအဝေးသို့ တက်ရောက် မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း တရုတ်ပြည်သူ့နေ့စဉ် သတင်းစာတွင် ရေးသား ဖော်ပြသည်။

ယခုအကြိမ် နှစ်ပတ်လည် အစည်းအဝေး၏ ဆောင်ပုဒ်မှာ "အာရှ၏ အနာဂတ်သစ်- တွန်းအားသစ်နှင့် မျှော်မှန်းချက်သစ်" ဟူ၍ ဖြစ်ကြောင်း၊ အစည်းအဝေးသည် ဘက်အ သီးသီးတို့ အကြား ကူးလူးဆက်ဆံရေး အတွက် ပလက်ဖောင်း နောက်ထပ် ထားရှိပြီး အာရှနှင့် ကမ္ဘာ တပြေးညီ ဖြစ်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် သဘောတူညီမှုများကို စုစည်းပေးမည် ဖြစ်ကြောင်း ရေးသားဖော်ပြသည်။

ယခုနှစ်သည် ပိုအော်အာရှဖိုရမ် တည်ထောင်ခဲ့သည့် ၁၅နှစ်ပြည့်မြောက်နှစ် ဖြစ်သည်။ ပြီးခဲ့သည့် ၁၅နှစ်အတွင်း ပိုအော်အာရှဖိုရမ်သည် အာရှကို မူတည်ပြီး ကမ္ဘာ့ကို ရှေ့ရှုကာ အာရှ စီးပွားရေး တပြေးညီဖြစ်စေရေး ခေတ်ရေစီးကြောင်းနှင့် လိုက်လျော ညီထွေဖြစ်စေပြီး ထွန်းသစ်စနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက် ကာ ဘက်အသီးသီးတို့၏ အရင်းအမြစ်များကို စုစည်းပြီး အာရှနှင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် စည်ပင်သာယာမှု တွန်းအားပေးရေး အတွက် အကြံပြုချက်များကို တင်ပေးကာ တက်ကြွစွာ အကျိုးပြု စွမ်းဆောင်ခဲ့ကြောင်း ရေးသားဖော်ပြသည်။

ဖိုအော်အာရှဖိုရမ်သည် ယဉ်ကျေးမှု၊ လူငယ်နှင့် ခရီးသွား အပါအဝင် နယ်ပယ်များမှ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အတွက် ပိုမိုများပြားသည့် နည်းလမ်းများ ရှာကြံပေးပြီး နိုင်ငံအသီးသီးမှ ပြည်သူများ အကြားရှိ ချစ်ကြည်မှု နက်ရှိုင်းစေရန်နှင့် မတူခြားနားသည့် ယဉ်ကျေးမှုများ အကြား ကူးလူးဆက်ဆံရန် တွန်းအားပေးရေး အတွက် တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ရေးသားဖော်ပြသည်။

   Webradio