• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လန်ဆမ်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှုရေးရာ ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေးသတင်းစာရှင်းလင်းပွဲကျင်းပ

(GMT+08:00) 2016-03-18 22:03:49

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ၁၇-ရက်နေ့တွင် လန်ဆမ်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှုရေးရာ ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေးနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ရာ ဒုဝန်ကြီး လျူကျင့်မင်းက မီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားခဲ့ပါသည်။

၂၃-ရက်နေ့က တရုတ်ပြည် ဟိုင်နန်းပြည်နယ်တွင် ကျင်းပမည့် အဆိုပါ ထိပ်သီးအစည်းအဝေးသို့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့်ဗီယက်နမ် ၅နိုင်ငံမှထိပ်သီး ခေါင်းဆောင်များသည် ဝန်ကြီးချုပ်လီခေ့ချန်၏ ဖိတ်ကြားချက်အရ တက်ရောက်မည်ဖြစ်ကြောင်း ၄င်းသတင်းစာရှင်းလင်းပွဲမှသိရပါသည်။

   Webradio