• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မဲခေါင်မြစ်ကြေဒေသအား တရုတ်အရေးပေါ် ရေးဖြည့်ပေးခြင်း ကမ္ဘောဒီးယားကြိုဆို

(GMT+08:00) 2016-03-17 16:05:45

      ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ယမန်နေ့ ၁၆ ရက်နေ့က ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ၌၊ မဲခေါင်မြစ်ဝကျွန်းပေါ် မြေပြန့်ဒေသမိုးခေါင်ရေရှားမှုလျှော့ပေါ့ရန်အတွက် တရုတ်ပြည်၏အရေးပေါ်ရေဖြည့်ပေး ခြင်း အပေါ် ကြိုဆိုပါကြောင်းဖော်ပြခဲ့သည်ဟုဆင်ဟွာ သတင်း အရသိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ လုခန်းက လန်ဆန်-မဲခေါင်မြစ် ဝှမ်းဒေသနိုင်ငံများသည်၊ တစ်လှေတည်းစီး၊ တစ်ရေတည်းသောက် ဆိုသကဲ့သို့ တရုတ် နှင့် မဲခေါင်မြစ် တလျှောက်ရှိ နိုင်ငံတို့သည်၊ အိမ်နီးချင်းကောင်းများဖြစ်ကြောင်း တရုတ်အစိုးရ သည်၊ မိမိ၏ အခက်အခဲများကို ကျော်နင်းအောင်မြင်ပြီး၊ တတ်နိုင်တမျှ ကြိုးပမ်းဆောင်ရွက် ကာ၊ မတ်လ ၁၅ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ယူနန်ပြည်နယ်ကျင်ဟုန် ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ မဲခေါင်မြစ်ကြေဒေသအတွက် အရေးပေါ်ရေဖြည့်ပေးမည် ဖြစ်ကြောင်း ၁၅ ရက်နေ့က ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒု ပြောရေးဆိုခွင့်ရှိသူ ပမ်တျူဟန်ကလည်း၊ မဲခေါင်မြစ်ကြေဒေသအား တရုတ်ပြည်၏ အရေးပေါ် ရေဖြည့်ပေးခြင်းအပေါ်  ကြိုဆိုပါ ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်း အရသိရသည်။

   Webradio