• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လန်ဆန်-မဲခေါင်မြစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ထိပ်သီးအစည်းအဝေး ကျင်းပမည်

(GMT+08:00) 2016-03-17 14:29:46

လန်ဆန်-မဲခေါင်မြစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပထမအကြိမ် ထိပ်သီးအစည်းအဝေးကို ယခုလ၂၃ ရက်နေ့တွင် တရုတ်ပြည်ဟိုင်နန်ပြည်နယ် စန်းယာ့မြို့၌ ကျင်းပမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်၏ ဖိတ်ကြားချက် အရ ကမ္ဘာဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့်ဗီယက်နမ် ၅နိုင်ငံမှ ထိပ်သီးခေါင်းဆောင်များသည် ယခုအကြိမ်အစည်းအဝေးသို့ တက်ရောက်ကြမည်ဖြစ် ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ လုခန်းက ယနေ့ ၁၇ ရက်နေ့တွင် ပြောကြားသည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝိုက်ဘ်ဆိုက်တွင် ဖော်ပြပါသည်။

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီခေ့ချန်သည် ၄င်းအစည်းအဝေး၌ မိန့်ခွန်း ပြောကြားမည်ဖြစ်ပါသည်။

အစည်းအဝေးတက်ရောက်ကြသူများက လန်ဆန်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက် ရေးစနစ် တည်ဆောက်မှု တွန်းအားပေးရေး၊ ဒေသငယ်နိုင်ငံများကြား ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု အားသစ်လောင်းပေးရေးနှင့် ဒေသတွင် တပြေးညီဖြစ်စေရေး စသည်တို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio